တရုတ်မှာ ကြေညာခဲ့တာ မကြာသေးတဲ့ 90 Series ကို Official ဖြစ်သွားအောင် Honor ခြေဆန့်ချင်ပုံ ရပါတယ်။
ဒိအတွက် ပထမဆုံး လှုပ်ရှားလိုက်တဲ့ အရွေ့က 90 Lite ပဲ ဖြစ်ပြီး Mid-range ဖုန်းတစ်လုံးအတွက် စိတ်ဝင်စားစရာ Specification တချို့နဲ့ ကြေညာလိုက်တာ တွေ့ရပါတယ်။
SoC အပိုင်းမှာ Dimensity 6020 ကို သုံးစွဲထားပြီး 8GB RAM နဲ့ 256GB Storage သုံးထားပါတယ် ၊ ဒီပမာဏဟာ Honor 70 Lite မှာ တွေ့ခဲ့ရတဲ့ RAM ထက် နှစ်ဆပိုများပြီး Virtual RAM စနစ်ပါဝင်သေးလို့ Sharing လုပ်မယ့် Additional 5GB RAM နဲ့ဆိုရင် စုစုပေါင်း 13GB Capacity ထိ ရနိုင်ပါတယ်။
ဒုတိယ မြင့်တင်မှုက Display ပါ ၊ 6.7” FHD+ Resolution ရှိတဲ့ IPS LCD Panel ဟာ 90Hz Refresh Rate ထောက်ပံ့ထားပြီး 93.6% Screen-to-body Ratio ရှိတာကြောင့် Viewing Experience ပိုင်း Improve ဖြစ်လာတယ်လို့ ဆိုရမှာပါ။
ကင်မရာပိုင်းမှာတော့ 90 ရဲ့ Downgrade Version လို့ပဲ ပြောရမလား 100MP Primary Sensor ကို f/1.9 Lens နဲ့ ပွဲထုတ်ထားပြီး 5MP Ultra-wide နဲ့ တွဲဖက်ထားပါတယ်။
100MP ဖြစ်လင့်ကစား ဗီဒီယို စွမ်းဆောင်ရည်ကို စိတ်မကောင်းစရာ 1080p Level မှာသာ Limit လုပ်ထားပြီး 16MP Selfie Cam သုံးထားးပါတယ်။
35W Honor SuperCharger စနစ်သုံးထားတဲ့ Lite အလုံးမှာ 4,500 mAh Battery ပါဝင်ပေမယ့် ဂွပ်အကျဆုံး အချက်တစ်ချက်က USB-C (2.0) Port သွားသုံးထားတာပါ။
သို့ပေမယ့် Headphones Port အနေနဲ့ သုံးနိုင်သလို Hi-Res Audio နဲ့ Hi-Res Wireless Audio ထုတ်ပေးနိုင်တဲ့ လက်မှတ်တော့ ရထားပါတယ်။
Side-mounted Fingerprint Reader သုံးထားတဲ့ Honor 90 Lite ဟာ 179g အလေးချိန်နဲ့ 7.48mm အထူသာရှိပြီး Cyan Lake ၊ Titanium Silver နဲ့ Midnight Black ဆိုပြီး အရောင် ၃ မျိုးနဲ့ $300 ဝန်းကျင်စျေးနဲ့ ရောင်းချနေပြီ ဖြစ်ပါတယ်။
Source: GSMArena