ဆွေးနွေးပွဲမှာ သဘောတူညီချက်မရခဲ့ဘူးလို့ဆိုပါတယ်။

Huawei ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့ကုမ္ပဏီတစ်ခုအနေနဲ့ ရပ်တည်နေတဲ့ Honor ကို ပိတ်သင့်/မပိတ်သင့်ဆိုတဲ့အ‌ပေါ် အမေရိကန်အေဂျင်စီတွေအနေနဲ့ စဉ်းစားချိန်ဆနေတယ်လို့ ဆိုပါတယ်။

           ပင်တဂွန်နဲ့ စီးပွားကူးသန်းဌာနလို ဖက်ဒရယ်အေဂျင်စီတွေအနေနဲ့ အမေရိကန်ကုန်သွယ်ရေးပိတ်ဆို့စာရင်းဝင် Huawei အောက်က ကုမ္ပဏီတစ်ခု ဖြစ်ခဲ့တဲ့ Honor ကိုပါ Export Blacklist မှာ ထည့်သင့်/မထည့်သင့် ဆုံးဖြတ်နိုင်ခြင်း မရှိသေးဘူးလို့ Washington Post သတင်းက ဖော်ပြထားပါတယ်။ ဒီသတင်းအရ ပင်တဂွန်အပါအဝင် စီးပွားကူးသန်း ၊ ပြည်ထဲရေးနဲ့ စွမ်းအင်ဌာနက ထိပ်တန်းအရာရှိတွေဟာ ပြီးခဲ့တဲ့ အပတ်က Honor ကို အမေရိကန်ရဲ့ ပိတ်ဆို့စာရင်း Entity List မှာ ထည့်ဖို့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။




Photo: Engadget


           ပင်တဂွန်နဲ့ စွမ်းအင်ဌာနက အရာရှိတွေက Honor ကို Entity List မှာ ထည့်ဖို့ ထောက်ခံခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးနဲ့ ပြည်ထဲရေးအာဏာပိုင်တွေကတော့ ကန့်ကွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကန့်ကွက်အဆို ဆွေးနွေးသူတွေကတော့ Honor ဟာ နူကလီးယားပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်တာ မဟုတ်သလို Honor ထုတ်ကုန်တွေကိုလည်း အမေရိကန်ပြည်ထောင်စုမှာ ရောင်းချခြင်းမရှိတာကြောင့် အမေရိကန်ကုမ္ပဏီတွေနဲ့ ကူးသန်းရောင်းဝယ်မှုကို ပိတ်ပင်တာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုပါတယ်။

           Honor ကို ပိတ်ပင်တာဟာ တရုတ်နိုင်ငံထက် အမေရိကန်ရဲ့ စီးပွားရေးကို ပိုအထိနာစေနိုင်တယ်လို့လည်း အဆိုပြုကြပါတယ်။ အခုထိတော့ ဖက်ဒရယ်အေဂျင်စီလေးခုအကြား သဘောထားကွဲလွဲပြီး ဆုံးဖြတ်ချက်မကျသေးတာကြောင့် ဒီကိစ္စဟာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ စားပွဲပေါ် ရောက်လာဖို့ ရှိပါတယ်။ တကယ်လို့သာ Honor ကို ပိတ်ဆို့အရေးယူဖြစ်မယ်ဆိုရင် Honor ဟာ အထူးခွင့်ပြုချက်လိုင်စင်မရှိဘဲ အမေရိကန်နည်းပညာတင်ပို့ကုန်တွေ ဝယ်ယူနိုင်မှာ မဟုတ်တော့ပါဘူး။

Photo: GSMArena


           Huawei ဟာ တရုတ်ပြည်တွင်းမှာ အင်အားကြီးလာတဲ့ Xiaomi လို ဖုန်းကုမ္ပဏီမျိုးကို ယှဉ်ဖိုက်ဖို့ ၂၀၁၃ ခုနှစ်က Honor စမတ်ဖုန်းအမှတ်တံဆိပ်ကို စတင်တည်ထောင်ခဲ့တာပါ။ နောက်သုံးနှစ်လောက်အကြာမှာ ဒေါ်လာ ၄၀၀ တန် Honor 8 ကို မိတ်ဆက်ခဲ့ပြီး အမေရိကန်ဈေးကွက်မှာ ဝယ်ယူနိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှုဖိအားတွေနောက်မှာ Huawei ဟာ Honor ကို လက်လွှတ်ခဲ့ရပါတယ်။

           Honor ကို လက်ရှိမှာ အစိုးရကျောထောက်နောက်ခံရင်းနှီးမြှပ်နှံသူ နှစ်ဦးတည်ထောင်ထားတဲ့ Zhixin New Information Technology က ပိုင်ဆိုင်ထားပါတယ်။ Huawei နဲ့ မသက်ဆိုင်ဘဲ လွတ်လပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် လည်ပတ်နေတဲ့ Honor ကို အမေရိကန်အနေနဲ့ ပိတ်ဆို့ဖို့ ဖြစ်နိုင်ခြေနည်းမယ်လို့ ခန့်မှန်းထားပါတယ်။ Huawei နဲ့ မတူတဲ့ နောက်တစ်ချက်က Honor ဟာ တယ်လီကွန်း Carriers တွေကို ဆက်သွယ်ရေးပစ္စည်းအစိတ်အပိုင်းတွေ ရောင်းချတာမျိုး မလုပ်သလို အမေရိကန်ဈေးကွက်ထဲလည်း Honor ထုတ်ကုန်တွေ ဖြန့်ဖြူးခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က