Honor အမှတ်တံဆိပ်ထုတ် ပထမဆုံး Foldable ဖုန်း Honor Magic V ကို တရုတ်ဈေးကွက်မှာ ကြေညာမယ့်ရက် ထွက်လာပြီ ဖြစ်ပါတယ်။
ကြော်ငြာပိုစတာတွေအရ Honor Magic V ကို လာမယ့် ဇန်နဝါရီ ၁၀ ရက်နေ့ တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားမယ်လို့ ဖော်ပြနေကြပါတယ်။ Honor ရြ့ ပထမဆုံး Foldable ဖုန်းဖြစ်လာမယ့် Honor Magic V ဟာ ကျောဘက် ထောင်လိုက်သုံးလုံးတွဲကင်မရာ Setup နဲ့ လာမယ်လို့လည်း ပေါက်ကြားလာတဲ့ ပုံတွေမှာ မြင်တွေ့ရပါတယ်။ GSMArena ရဲ့ သတင်းတွေမှာတော့ Honor Magic V ဟာ နောက်ဆုံးပေါ် Qualcomm ရဲ့ Flagship Processor သစ် Snapdragon 8 Gen 1 SoC နဲ့လာပြီး Android 12 ဆော့ဖ်ဝဲလ်နဲ့ လာမယ်လို့ ဆိုပါတယ်။
Photo: Gizmochina
အတွင်းဘက် Display အပေါ် ညာထောင့်မှာ Punch-Hole ကင်မရာ Cutout နဲ့ လာပြီး အပြင် ကာဗာ အပေါ် အလယ်ဘက်မှာလည်း Punch-Hole ကင်မရာ ပါဝင်မှာပါ။ ရှေ့ Front Display ဟာ 90Hz Refresh Rate ပံ့ပိုးထားပြီး အတွင်းဖွင့် Screen အကြီးဟာ 120Hz Refresh Rate အမြင့် သုံးသွားမယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီရဲ့ CEO ဇောင်ကတော့ Honor Magic V ဟာ ကုမ္ပဏီရဲ့ ကိုယ်ပိုင်မူပိုင် ပတ္တာအခေါက်အဖွင့်နည်းပညာ သုံးလာမှာ ဖြစ်ပြီး Foldable ဖုန်းတွေထဲမှာ အပါးလွှာဆုံး ဖြစ်မယ်လို့ ပြောထားပါတယ်။
Foldable ဖုန်းဈေးကွက်ဟာ အခုနောက်ပိုင်း လူကြိုက်များလာနေပါတယ်။ TechARC ရဲ့အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယဈေးကွက်မှာ Foldable စမတ်ဖုန်းရောင်းအားဟာ ၆၃၈% အထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ အခုနှစ်ထဲမှာ ခေါက်သိမ်းနိုင်စမတ်ဖုန်းဝယ်လိုအားဟာ အလုံးရေ ၃ သိန်းအထိ ရောက်လာမယ်လို့ပါ ခန့်မှန်းထားကြပါတယ်။
Photo: GSMArena
လက်ရှိ Foldable ဖုန်းလောကမှာ Samsung က ကြီးစိုးနေပြီး တရုတ်ဖုန်းကုမ္ပဏီတွေကလည်း Foldable ဖုန်းတွေ အပြိုင်အဆိုင် မိတ်ဆက်လာကြပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ OPPO ဟာ ကျောဘက်သုံးလုံးတွဲကင်မရာ ပါဝင်တဲ့ Find N ဆိုတဲ့ Foldable ဖုန်း ထုတ်ခဲ့ပြီး ဒီဖုန်းဟာ အတွင်းရော အပြင် Display မှာပါ Selfie ကင်မရာတွေ ပါဝင်နေသလို Snapdragon 888 SoC နဲ့ RAM 12GB အထိ ပါဝင်နေပါတယ်။
Flagship ဖုန်းဘက် အားပြုလာတဲ့ Honor ရဲ့ Foldable ဖုန်းသစ်ဟာ Foldable ဖုန်းဈေးကွက်အတွက် ခြိမ်းခြောက်နိုင်တဲ့ထုတ်ကုန်ဖြစ်လာမလားဆိုတာ မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။