လော်ရီးယန့်နဲ့ပွဲက သွင်းဂိုးအကြောင်းကို ပြောပြခဲ့တာပါ။

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာက သူဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းကို အရက်မူးပြီး ရောက်ရှိလာခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေအပေါ် ပြက်ရယ်ပြုခဲ့ပါတယ်။ အဆိုပါ ဘရာဇီးလက်ရွေးစင် ကစားသမားဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာဖို့ သတင်းပြေးနေတဲ့ ကစားသမားပါ။



နေမာရဲ့ ကွင်းပြင်ပနေထိုင်မှုတွေက သူ့ရဲ့ကွင်းတွင်းကစားသမားဘဝကို ထိခိုက်စေတယ်ဆိုတဲ့ အမြင်တွေလည်းရှိနေပါတယ်။ လော်ရီယန့်နဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေသုံးယောက်လုံး တပွဲတည်းမှာ အတူတူဂိုးသွင်းနိုင်ခဲ့ကြပါတယ်။

ဒီပွဲမှာ နေမာရဲ့သွင်းဂိုးတဂိုးကလည်း သူ့ရဲ့တကိုယ်တော် အရည်အချင်းကြောင့် တော်တော်လေးလှပခဲ့ပြီး ပရိသတ်တွေအတွက် သဘောကျစရာဖြစ်ခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ နေမာက ပီအက်စ်ဂျီအတွက် နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ဂိုးတွေနဲ့ပတ်သက်လို့လည်း နေမာက “အဲ့ဒီတုန်းကလည်း ကျနော် မူးနေတာလေဗျာ။ အဲ့ဒါကြောင့်လည်း ဒီလိုအကွက်က အလုပ်ဖြစ်သွားတာပါ။ သူတို့ ပြောနေကြသလိုပါပဲ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။ နေမာကတော့ သူ့အပေါ် ဝေဖန်ရေးသားခဲ့တဲ့ RMC ဂျာနယ်လစ် ဒန်နီယဲယ်ရိုင်အိုလိုကို ရည်ရွယ်ထိုးနှက်ခဲ့တာလည်းဖြစ်ပါတယ်။

နေမာဟာ ဒီပွဲမတိုင်ခင် ဘော်ဒိုးကို ပီအက်စ်ဂျီတို့ သုံးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ အိမ်ကွင်းပွဲမှာလည်း အိမ်ရှင်ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ပဲ ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးတဲ့နောက် မက်ဆီ၊ နေမာတို့အပေါ်ကို ပီအက်စ်ဂျီပရိသတ်တွေက အခဲမကျေဖြစ်နေပြီး အသင်းကထွက်သွားဖို့အထိ တောင်းဆိုနေပါတယ်။

ဒီမတိုင်ခင်တည်းကလည်း အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီက နေမာ၊ မက်ဆီတို့ကို လာမယ့်နွေရာသီမှာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ဖို့ စဥ်းစားနေတယ်လို့ သိရပါတယ်။ အယ်လ်ခီလိုင်ဖီဟာ အမ်ဘာပေကို အဓိကတည်ပြီး အသင်းကို သွေးသစ်လောင်းဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က