စမတ်ဖုန်းဈေးကွက်မှာ ရောင်းအားဆက်တိုက် ကျဆင်းမှုနဲ့ကြုံနေတဲ့ HTC ဟာ cryptocurrency တွေ သိမ်းနိုင်မယ့် Blockchain ဖုန်းဈေးကွက်ကို ဦးတည်လာနေပါတယ်။
photo: coinjournal
Exodus လို့နာမည်ပေးထားတဲ့ ဒီဖုန်းဟာ key recover နဲ့လာပြီး bitcoin / litecoin စတဲ့ cryptocurrency တွေ သိမ်းနိုင်တဲ့ ပထမဆုံး cold wallet ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ Exodus ဟာ CryptoKitties တို့လို Decentralized app (DApps) တွေအတွက်လည်း သီးသန့်ပံ့ပိုးမှုပါတဲ့ ဖုန်းဖြစ်ပြီး cryptocurrency ဆိုင်ရာ protocols တွေအများကြီးနဲ့ကိုက်ညီသလို အပြန်အလှန်လည်း လုပ်ဆောင်နိုင်စွမ်းလည်း ထည့်ပေးထားတယ်လို့ဆိုပါတယ်။
ဒီဖုန်းကို ဦးဆောင်ထုတ်လုပ်သွားမယ့် HTC VR headset ဖန်တီးသူ ဖီးလ်ချန်ကတော့ Exodus ဖုန်းကနေ Bitcoin ၊ Lightning Networks ၊ Ethereum နဲ့Dfinity တို့အပြင် နောက်ထပ် cryptocurrency protocols တွေ အတော်များများနဲ့အလုပ်လုပ်နိုင်အောင် ပံ့ပိုးပေးထားတယ်လို့ဆိုပါတယ်။ Exodus ဟာ Blockchain ecosystem ကြီးတစ်ခုလုံးမှာ သုံးလို့ရအောင်လည်း လုပ်ဆောင်သွားမှာပါ။
HTC ရဲ့ Crypto အမှုဆောင်အရာရှိချုပ် ဖီလ်ချန်ကတော့ HTC ဟာ အထွေထွေ blockchain ဈေးကွက်တစ်ခု ဖြစ်လာစေဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ "ကွှန်တော်တို့အနေနဲ့developer အားလုံးကို ကျွန်တော်တို့နဲ့တွဲပြီး သူတို့ရဲ့ blockchain ဂိမ်းတွေ ဖြန့်ဖြူးဖို့ဖိကြားပါတယ်" လို့ဆိုပါတယ်။ HTC အနေနဲ့cryptocurrency အားလုံး ပါဝင်နိုင်ဖို လာမယ့် လအနည်းငယ်အတွင်း HTC နဲ့ပူးပေါင်းမယ့် ပါတနာတွေအကြောင်းလည်း ကြေငြာသွားဖို့ရှိပါတယ်။
Blockchain ဟာ Bitcoin ၊ Ethereum စတဲ့ cryptocurrency များ ကို အခြေခံထားတဲ့ လုံခြုံရေးနည်းပညာတစ်ခု ဖြစ်ပြီး cryptography သုံးပြီး block လို့ခေါ်တဲ့ စာရင်းမှတ်တမ်းများကို သိမ်းထားတာ ဖြစ်ပါတယ်။ Exodus ဖုန်းရဲ့ အဓိကလုပ်ဆောင်ချက်ကလည်း blockchain currency တွေကို cloud မှာထက် ဖုန်းမှာတင် ကိုယ်ပိုင်စနစ်နဲ့လုံခြုံမှု မြင်အောင် ထိန်းသိမ်းသွားမှာပါ။
photo: engadget
ဒီဖုန်းကို သြဂုတ်လကုန်ပိုင်းမှာ မိတ်ဆက်သွားဖို့ရှိပြီး ဈေးနှုန်းကလည်း သူ နဲ့အပြိုင် Blockchain ဖုန်းဖြစ်တဲ့ Sirin Lab ထုတ် Finney ဖုန်းအတိုင်း ဒေါ်လာ ၁၀၀၀ ပတ်ချာလည် ဈေးနဲ့ရောင်းချသွားဖို့ရှိပါတယ်။