မနက်ဖြန် ည ၉ နာရီခွဲမှာ ကစားပါမယ်။

နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၆ ပွဲမှာ နိုင်ပွဲလုံးဝမရှိခဲ့ပဲ ၂ ပွဲသရေ ၄ ပွဲရှုံးထားခဲ့ ပါတယ်။

မနက်ဖြန် စနေနေ့မှာကစားရမယ့် ဟတ်ဒါဖီးလ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ကစားပြီး အဝေးကွင်းနိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်မယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး အဆင့် ၆ နေရာအထိ ရောက်ရှိလာခဲ့ရကာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၆ ပွဲမှာလည်း နိုင်ပွဲမရှိခဲ့ပါဘူး။

ဒါပေမယ့် အခုခါမှာတောာ့ ဟတ်ဒါဖီးလ်ကို အနိုင်ယူဖို့ အခွင့်အရေးရှိနေပြီး အဝေးကွင်းနိုင်ပွဲ ပြန်လည်ရယူနိုင်မယ်လို့ အူနိုင်းက ပြောခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

“ အဝေးကွင်းပုံစံကို ကျွန်တော်တို့ ပြောင်းလဲဖို့လိုပါပြီ၊ အခုတော့ ကျွန်တော်တို့ စိတ်ဓာတ်တွေ ယုံကြည်မှုပြည့်ဖို့ အရင်လိုပါတယ်၊ အဲ့ဒီအခွင့်အရေးက အခုလာမယ့် ဟတ်ဒါဖီးလ်နဲ့ပွဲမှာ လာပါပြီ၊” လို့ အမ်မရီက ဗြိတိန်မီဒီယာတွေကို ပြောခဲ့တာပါ။ ဒါပေမယ့်လည်း ဟတ်ဒါဖီးလ်နဲ့ပွဲစဉ်က အလွယ်တကူနိုင်ဖို့ မဖြစ်နိုင်ပဲ ခက်ခဲမယ်လို့လည်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

“ သူတို့မှာလည်း ကစားသမားကောင်းတွေနဲ့ အဖွဲ့အစည်းကောင်းရှိပါတယ်။ သူတို့ ကျွန်တော်တို့ကို ဖိအားပေးလာမှာပါ၊ ကျွန်တော်တို့အတွက်ကတော့ အဝေးကွင်းပွဲတွေက စိန်ခေါ်မှုတွေပါပဲ။” လို့ အမ်မရီက ဆက်လက်ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဟတ်ဒါဖီးလ်နဲ့ပွဲစဉ်ကို မနက်ဖြန် စနေနေ့ ည ၉ နာရီခွဲမှာ ကစားသွားမှာဖြစ်ပြီး အမှတ်ပေးဇယားမှာ အဆင့်ပြန်တက်ရန် နိုင်ပွဲတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

 

Share

က္က