ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အသင်းကနေ ထွက်ဖို့ကြိုးပမ်းခဲ့သူပါ။

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ နည်းပြဖြစ်လာပြီးတဲ့နောက်မှာ ဟတ်ဒ်ဆန်အိုဒွီုင်းကို ၎င်းရဲ့ပထမအသင်း အစီအစဉ်ထဲမှာ ထည့်သွင်းဖို့က အဓိကဦးစားပေးကိစ္စတွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာချင်ခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ဟတ်ဒ်ဆန်အိုဒွိုင်းအတွက် ကမ်းလှမ်းမှုအများအပြား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဟတ်ဒ်ဆန်အိုဒွိုင်းဟာ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကို အသင်းနဲ့ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုပြီး အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

နည်းပြလမ်းပတ်က ဟတ်ဒ်ဆန်အိုဒွိုင်းကို ချယ်ဆီးအသင်းရဲ့အနာဂတ်မှာ ကြီးမားတဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာကို နားလည်လာအောင် ဘယ်လိုမျိုး ပြုလုပ်ခဲ့ရလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။



“ကျွန်တော် ကယ်လန်နဲ့ ဒက်ဘလင်မှာ ရာသီကြိုခြေစမ်းပွဲကစားနေတုန်းက စကားပြောခဲ့ပါတယ်”

“သိပ်မကြာခင်မှာပဲ ကျွန်တော် နည်းပြအလုပ်ကို ရရှိခဲ့ပြီး သူ့ကို ကျွန်တော့်ရဲ့အစီအစဉ်ထဲမှာ တစ်စိတ်တပိုင်းအဖြစ် ရှိစေချင်တယ်ဆိုတာ သတိပြုမိအောင် အဆက်အသွယ်ပြုလုပ်ပြီး သိစေခဲ့ပါတယ်”

“သူက ဒီအကယ်ဒမီက ထွက်လာတဲ့ ငယ်ရွယ်တဲ့ကစားသမားပါ။ အသင်းက သူနဲ့အတူတူ အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်ခဲ့ပြီး သူကလည်း အသင်းမှာ ခြေတစ်ဖက်စာ တစ်နေရာရအောင် ကြိုးစားပြီးလုပ်ခဲ့ပါတယ်။ အဲဒါက အားလုံးလိုချင်နေတဲ့အရာလို့ ကျွန်တော် ခံစားမိပါတယ်”

“၅ နှစ်စာချုပ်က သူ့အတွက် တကယ်ကို ပြင်းပြင်းထန်ထန် အလုပ်စလုပ်ရမယ့် သင်္ကေတဆိုတာ ကျွန်တော် သိပါတယ်”

“သူ့ကို မြင်တွေ့ရတာက အရမ်းကောင်းမွန်တဲ့အရာဖြစ်ပြီး အောင်မြင်မှုတွေကို သူ ဆာလောင်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အခု သူ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့ အိပ်ယာဝင်ပြီးတော့ အလုပ်လုပ်ရတော့မယ်ဆိုတာကို သေချာအောင် ပြုလုပ်ခဲ့ပြီးပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က