Photo - Yangon Region Government FB
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဟာ Eco World Developer Co., Ltd မှ တာဝန်ရှိသူများတွေနဲ့ ဧပြီ ၂၅ မွန်းလွဲ(၁)နာရီတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ ထိုသို့ ေတွ့ဆုံရာမှာ ဝန်ကြီးချုပ်ကို Eco World Developer ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတွေက ရဟတ်ယာဉ်ထုတ်လုပ်ရေး စက်ရုံကိစ္စနဲ့ စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုဆွေးနွေးရာမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ကားထုတ်လုပ်တဲ့ စက်ရုံအချို့ကို နိုင်ငံခြားကုမ္ပဏီတွေက လာရောက်ရင်းနှီးမြုပ်နှံထားကြပေမယ့် ရဟတ်ယာဉ်ထုတ်လုပ်ဖို့ အတွက် ဆွေးနွေးမှုကတော့ ယခုတစ်ကြိမ်ပထမဆုံးဖြစ်ပါတယ်။