နိစ္စဓူဝလှုပ်ရှားမှုတွေကို tracking လုပ်ဖို့အတွက် စမတ်လက်ပတ်တစ်ခု ရှာနေတယ်ဆိုရင် ဘက်ဂျက် fitness band ထဲမှာ ရွေးချယ်စရာတစ်ခု ထပ်ထွက်လာပြီလို့ ဆိုချင်ပါတယ်။
Huawei ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ Huawei Band 4 စမတ်လက်ပတ်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Huawei Band 4 ဟာ သူ့အရင် ထွက်ခဲ့တဲ့ Huawei Band 3 ကို အတော်လေးအဆင့်မြှင့်တင်မှု လုပ်ထားတဲ့ ထုတ်ကုန်လို့ ဆိုရမှာပါ။
မျက်နှာပြင်အရွယ်အစား ၀.၉၆ လက်မဟာ color screen နဲ့ လာပြီး touch screen ရဲ့ အောက်နားမှာ လေးထောင့်ပုံစံ home key နဲ့ လာပါတယ်။ အားသွင်းတဲ့ အပိုင်းမှာ Huawei Band 4 ဟာ ပိုပြီး အဆင်ပြေစေဖို့ USB Portable charging သစ် သုံးလာပါတယ်။
Photo: Huawei
အရင်က fitness ban အများစုဟာ အရွယ်အစားလည်း သေးသလို internal space အကန့်အသတ်လည်း ရှိတာကြောင့် အားသွင်းလို့ အဆင်သိပ်မပြေဘဲ ပြင်ပ charger တွေပဲ သုံးပြီး အားသွင်းရတဲ့ ပြဿနာရှိခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Huawei ဟာ စမတ်လက်ပတ်တွေမှာ ဝှက်ထားတဲ့ hidden USB interface ကြားခံတစ်ခု တပ်ဆင်လာပါတယ်။
Huawei Band 4 ရဲ့ အားသာချက်တစ်ခုက အားသွင်းဖို့အတွက် charging dongle မလိုတာပါပဲ။ အားသွင်းမယ်ဆိုရင် လက်ပတ် strip band ဖြုတ်လိုက်တာနဲ့ charging head ခေါင်းထွက်လာပြီး ဘယ် USB A မှာမဆို အားသွင်းနိုင်မှာပါ။ ဒီတော့ ကွန်ပျူတာက USB port မှာပဲ ဖြစ်ဖြစ် ဖုန်း charger တို့ power bank တို့မှာဖြစ်ဖြစ် Huawei Band 4 ကို အဆင်ပြေပြေ အားသွင်းနိုင်တော့မှာ ဖြစ်ပါတယ်။
Huawei Band 4 ဟာ 100mAh ဘက်ထရီပါဝါသုံးထားပြီး ပုံမှန်အသုံးပြုဖို့ဆိုရင် ၆ ရက် တစ်ပတ် အသုံးခံမှာပါ။နောက်ထပ် ထူးခြားတာက ကျန်းမာရေးလုပ်ဆောင်ချက်ပိုင်း ပိုမို စုံလင်လာခြင်း ဖြစ်ပါတယ်။ ဒီထဲမှာ Huawei ကနေ ထုတ်ထားတဲ့ TruSleep 2.0 နည်းပညာနဲ့ အိပ်စက်မှု စောင့်ကြည့်တဲ့ စနစ် ပါလာပြီး အိပ်စက်ခြင်းအကြောင်း အချက်အလက်တွေကို အပိုင်း ၄ ပိုင်းနဲ့ စောင့်ကြည့်ပေးသွားမှာပါ။
Huawei Band 4 ဟာ သွေးတွင်းအောက်ဆီဂျင်ပျစ်ကျဲမှုကို စောင့်ကြည့်နိုင်တဲ့ SpO2 နည်းပညာ ထည့်ထားပြီး ဆေးရုံဆေးခန်းတွေက သွေးနမူနာစမ်းသပ်တဲ့ ကိရိယာတွေရဲ့ ရလဒ်နဲ့ နှိုင်းယှဉ်လို့ ရနိုင်တယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ တစ်ခုရှိတာက SpO2 လုပ်ဆောင်ချက်ဟာ တရုတ်ဗားရှင်းနဲ့ပဲ ရမှာပါ။
Workout အနေနဲ့ Huawei Band 4 ဟာ အခန်းတွင်း/အခန်းပြင် အပြေးလေ့ကျင့်ခြင်း ၊ လမ်းလျှောက်ခြင်း စတာတွေအပါအဝင် sport mode ၉ မျိုး ပံ့ပိုးပေးထားပါတယ်။ နောက်တစ်ခုက နှလုံးခုန်နှုန်းအချက်အလက်တွေကို မှတ်ထားနိုင်ပြီး ရှင်းလင်းတဲ့ နှလုံးခုန်နှုန်းပြစနစ်နဲ့ ထုတ်ပြနိုင်တာပါပဲ။
Photo: GSMArena
fitness band တစ်ခုရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ခြေလှမ်းအရေအတွက် ၊ သွားတဲ့ အကွာအဝေး မှတ်သားခြင်း ၊ ကယ်လိုရီလောင်ကျွမ်းမှု အတိုင်းအတာ ဖတ်ခြင်းအပြင် မက်ဆေ့ချ်နဲ့ ဖုန်းခေါ်ဆိုမှု သတိပေးချက် ပြတာ ၊ Find My phone နဲ့ ဖုန်းပျောက်ရှာတာတွေ အားလုံး လုပ်ဆောင်နိုင်မှာပါ။
Huawei Band 4 ဟာ fitness band တစ်ခုအတွက် အတော့်ကို ပြည့်စုံတဲ့ features တွေ ပါတဲ့ low-end fitness tracker တစ်ခု ဖြစ်လို့ ပြောနိုင်ပါတယ်။ ပြည်တွင်းဈေးကွက်မှာ Huawei Band 4 ကို ၃၉၉၀၀ ကျပ် ဈေးနဲ့ ရောင်းချပေးနေပါတယ်။
ယခုသတင်းဆောင်းပါးအား Huawei Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။
Share