အရင်အထောက်အပံ့နဲ့ပရောဂျက်တွေ ဆက်လုပ်သွားမှာပါ

လုံခြုံရေး စိုးရိမ်ချက်ကြောင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ကန့်ကွက်မှုကို Huawei ဟာ ဒီနှစ်ထဲမှာ သိသိသာသာ ကြုံတွေ့နေရပါတယ်။

 

        

         ယူကေရဲ့ ကမ္ဘာကျော် တက္ကသိုလ်တစ်ခု ဖြစ်တဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှလည်း Huawei ဆီက အထောက်အပံ့နဲ့လှူဒါန်းမှုကို လက်မခံတော့ဘူးလို့The Guardian သတင်းမှာ ဖော်ပြထားပါတယ်။ Huawei ဆီက ရန်ပုံငွေကို ထပ်ပြီး လက်ခံတော့မှာ မဟုတ်ပေမယ့် လက်ရှိ Huawei ရဲ့ ရန်ပုံငွေနဲ့လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကိုတော့ ဆက်ပြီး လုပ်ဆောင်သွားမယ်လို့အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဆိုပါတယ်။

         အောက်စ်ဖို့ဒ်တက္ကသိုလ်ဟာ ပရောဂျက်နှစ်ခုအတွက် Huawei ဆီမှ ရန်ပုံငွေ ပေါင် ၆၉၂၀၀၀ ရထားတာပါ။ ယခုလို Huawei Technologies ဆီက ရန်ပုံငွေအထောက်အပံ့ လက်ခံမှုကို ရပ်ဆိုင်းရခြင်းဟာ ပြီးခဲ့တဲ့လများက ယူကေနဲ့မိတ်ဖက်နိုင်ငံများမှ Huawei ပေါ် စိုးရိမ်မှု မြင့်တက်လာတဲ့ အချက်ကြောင့်လို့ဖော်ပြထားပါတယ်။

         ဒီဇင်ဘာနှောင်းပိုင်းက ယူကေကာကွယ်ရေး အတွင်းဝန် ဂါဗင်ဝီလီယမ်ဆင်ဟာ ယူကေရဲ့ 5G ကွန်ရက်မှာ Huaweiပါဝင်လာတာကို စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီ့အရင်က ယူကေ စုံစမ်းရေးဌာနဖြစ်တဲ့ MI6 မှ အကြီးအကဲ အဲလက်ယန်းဂါးမှလည်း Huawei ဟာ ဗြိတိန် လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။

         တရုတ်အစိုးရနဲ့ဆက်သွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အမေရိကန်အစိုးရမှ စစ်အခြေစိုက်စခန်းရှိရာ နိုင်ငံတိုင်းမှာ Hauwei ထုတ်ကုန်တွေ မသုံးဖို့တားမြစ်ထားသလို မဟာမိတ်နိုင်ငံတွေကိုလည်း တိုက်တွန်းထားပါတယ်။ လက်ရှိမှာ နယူးဇီလန်နဲ့သြစတြေးလျတို့ဟာ Huawei ကို နိုင်ငံရဲ့ 5G ဈေးကွက်ထဲ ဝင်ရောက်ခွင့် မရှိအောင် ပိတ်ပင်တားမြစ်ထားပါတယ်။

Photo: Sputnik International

         Huawei ရဲ့ တည်ထောင်သူ ရန်ဇီဖိန်းကတော့ ဒီလထဲမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားသတင်းထောက်တွေနဲ့အင်တာဗျူးမှာ တရုတ်အစိုးရနဲ့ပတ်သက်မှု မရှိကြောင်း ၊ ဖောက်သည်တွေရဲ့ အချက်အလက်ကို ကာကွယ်ပေးထားကြောင်း ဖြေကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က