အီတလီရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာများနဲ့လက်တွဲထားပါတယ်။

ပဉ္စမမျိုးဆက် 5G ကွန်ရက်အဆင့်မြှင့်တင်ရေးမှာ Huawei နဲ့ZTE တို့ကို ပိတ်ပင်သွားမယ်ဆိုတဲ့ သတင်းတွေ မှားယွင်းကြောင်း အီတလီအာဏာပိုင်တွေက ငြင်းဆန်လိုက်ပါတယ်။

        အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ La Stampa ရဲ့ သတင်းမှာ ဒီသတင်းတက်လာပြီး နောက်တစ်နေ့မှာ အီတလီစက်မှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့တာပါ။



Photo: Reuters

         "ကျွန်တော်တို့မှာ အဲသလိုမျိုး ပိတ်ပင်သွားဖို့အစီအစဉ်မရှိပါဘူး" လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တစ်ဆက်တည်းမှာပဲ အမျိုးသား လုံခြုံဟော ပထမ ဦးစားပေးဖြစ်ပြီး တကယ်လို့အရေးကြီးတဲ့ကိစ္စတစ်ခုခု ပေါ်ပေါက်လာခဲ့ရင်တော့ အခြေအနေကို ပြန်ပြီး သုံးသပ်အကဲဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။

         ကမ္ဘာ့အကြီးဆုံး တရုတ်တယ်လီကွန်းလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Huawei ဟာ တရုတ်အစိုးရရဲ့ သူလျှိုအဖြစ် သံသယရှိမှုနဲ့အမေရိကန်အစိုးရ အပါအဝင် နိုင်ငံတကာမှ စုံစမ်းစစ်ဆေးခံထားရတာပါ။ အီတလီအာဏာပိုင်တွေကတော့ Huawei ဟာ လုံခြုံရေးခြိမ်းခြောက်နိုင်တဲ့ သက်သေမတွေ့ရဘူးလို့ထုတ်ပြန်ထားပါတယ်။

         ယူကေမှ BT Group နဲ့ပြင်သစ်မှ Orange တို့မှ သူတို့ရဲ့ ကွန်ရက်မှာ Huawei ရဲ့ 5G ပစ္စည်းအစိတ်အပိုင်းတွေ အသုံးပြုမှာ မဟုတ်ဘူးလို့ဆိုပေမယ့် ဘယ်လ်ဂျီယံကတော့ Huawei ကို ပိတ်ပင်ဖို့အစီအစဉ်မရှိသေးဘူးလို့ဆိုပါတယ်။ အီတလီရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်တဲ့ Telecom Italia ကလည်း Huawei နဲ့လက်တွဲလုပ်ဆောင်သွားမယ်လို့အတည်ပြုထားပါတယ်။



Photo: cdrinfo

         Telecom Italia ဟာ fixed ဖိုက်ဘာကွန်ရက်တစ်ခုလုံးရဲ့ ၁၀% ကျော်ကို Huawei နည်းပညာသုံးနေတဲ့ တယ်လီကွန်းဖြစ်ပြီး အီတလီ braoadband ကုမ္ပဏီတစ်ခု ဖြစ်တဲ့ FastWeb လုပ်ငန်းစုကလည်း တောင်ပိုင်းမြို့များဖြစ်တဲ့ ဘာရီနဲ့မက်ထရာတို့မှာ 5G အခြေခံအဆောက်အဦတွေ စမ်းသပ်ဖို့Huawei ကို အသုံးပြုနေတာပါ။

         ဗြိတိန်တယ်လီကွန်းလုပ်ငန်းစုကြီး ဖြစ်တဲ့ Vodafone မှလည်း အနောက်နိုင်ငံအစိုးရများဘက်မှ Huawei ရဲ့ လုံခြုံရေးစိုးရိမ်ချက် ရှင်းလင်းတဲ့အထိ ပင်မကွန်ရက်များမှာ Huawei ပစ္စည်းအစိတ်အပိုင်း သုံးစွဲမှု ရပ်တန့်ထားပေမယ့် တစ်ဘက်မှာလည်း အီတလီနိုင်ငံ မီလန်မြို့မှ 5G စမ်းသပ်မှုများမှာ Huwei နဲ့ပူးပေါင်း လုပ်ဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က