Huawei ကို ပိတ်ပင်ဖို့တစ်ခါမှ မကြိုးစားခဲ့ဘူးလို့ပြောပါတယ်။

ဆိုက်ဘာလုံခြုံရေးနဲ့ဆက်စပ်ပြီး ပိတ်ပင်တားမြစ်မှုတွေ ကြုံတွေ့နေတဲ့ Huawei ကို ပိတ်ပင်ဖို့ဆန္ဒမရှိဘူးလို့ ကမ္ဘာ့မိုဘိုင်းဆက်သွယ်ရေးနယ်ပယ်မှာ ဦးဆောင်နေတဲ့ GSMA အဖွဲ့အစည်းမှ ထုတ်ပြန်ခဲ့ပါတယ်။

         GSMA ဟာ Groupe Spécial Mobile နာမည်နဲ့ပထမဆုံး ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာတစ်လွှားမှ မိုဘိုင်းကွန်ရက်အော်ပရေတာများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ဖို့ကိုယ်စားပြု ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ GSMA အသိုင်းအဝိုင်းထဲ မိုဘိုင်းဆက်သွယ်ရေး လောကထဲမှ ကုမ္ပဏီပေါင်း ၃၅၀ ကျော် ၊ အော်ပရေတာပေါင်း ၇၅၀ ကျော် ပါဝင်နေတာပါ။



Photo: GSMA

         GSMA ဟာ Huawei ကို ပိတ်ပင်တားမြစ်သွားမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး Huawei အပါအဝင် မိုဘိုင်းဆက်သွယ်ရေး ထုတ်ကုန်ဆိုင်ရာ ပစ္စည်းပံ့ပိုးတဲ့ ဘယ်ကုမ္ပဏီကိုမှ တားမြစ်ပိတ်ပင်ဖို့ဆန္ဒမရှိသလို တားမြစ်ပိတ်ပင်နိုင်စွမ်းလည်း မရှိဘူးလို့ဆိုပါတယ်။

         ရိုက်တာသတင်းမှာ ဖော်ပြခဲ့တဲ့ GSMA အဖွဲ့အစည်းမှ Huawei ကို ပိတ်ပင်တားမြစ်ဖို့လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်း မမှန်ကြောင်း GSMA ရဲ့ ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာ Gareth Davies မှ Xinhua သတင်းဌာနကို အီးမေးလ်ပေးပို့ပြီး သတင်းထုတ်ပြန်ခဲ့တာပါ။ GSMA အနေနဲ့ရိုက်တာသတင်းဌာနကို ဆက်သွယ်ပြီး ဒီသတင်းကို ပြန်ပြင်ပေးဖို့ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

         ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Huawei ရဲ့ 5G ထုတ်ကုန်တွေကို လုံခြုံရေးအရ ပိတ်ပင်ဖို့GSMA မှ EU ကို တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းမျိုး တက်လာခဲ့ပြီးနောက် အခုလို ငြင်းဆန်ခဲ့တာပါ။

         GSMA အဖွဲ့အစည်းဟာ Huawei ရဲ့ ဘေးကျပ်နံကျပ်အရေး ဆွေးနွေးပွဲအစီအစဉ်တစ်ခုလုပ်ပြီး အဖြေရှာသွားဖို့ရှိပါတယ်။ ဒီလကုန်ပိုင်းမှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ GSMA ကနေ ဦးဆောင် ကျင်းပမယ့် MWC 2019 ပွဲမှာ ဒီအရေးကို ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က