ပွင့်လင်းမြင်သာမှုရှိစေဖို့လို့ဆိုပါတယ်

တယ်လီကွန်းဈေးကွက်မှာ ပိတ်ပင်မှုတွေ ကြုံတွေ့နေရတဲ့ Huawei ဟာ ကုမ္ပဏီရဲ့ ရပ်တည်ချက်နဲ့သက်ဆိုင်ရာ အချက်အလက်အားလုံးကို တစ်နေရာတည်းမှာ မေးမြန်းနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုကို တင်ဆက်ထားပါတယ်။

          Huawei Facts လို့နာမည်ပေးထားတဲ့ ဒီဝက်ဘ်ဆိုက်မှာ အသေးစိတ် အမေးအဖြေလုပ်နိုင်မယ့် အစီအစဉ်များအပြင် Huawei ရဲ့အကြောင်း ၊ သုတေသနနဲ့ဆန်းသစ်တီထွင်မှုပိုင်းမှာ မြှပ်နှံထားတဲ့ ရင်းနှီးမြှပ်နှံမှုများအကြောင်းအပြင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအစဉ်တွေပါ ထည့်သွင်းထားပါတယ်။



Photo: ctvnews

         စိတ်ဝင်စားဖို့ကောင်းတာက အမေးအဖြေကဏ္ဍမှာ အမေရိကန်တရားရေးဌာနကနေ Huawei ကို စွဲဆိုထားတဲ့ အမှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်မှုများ ၊ Vodafone နဲ့ဆက်ဆံရေး ၊ ပိုလန်မှာ အဖမ်းခံရတဲ့ Huawei ဝန်ထမ်းအကြောင်း ရှင်းလင်းမှု ၊ နယူးဇီလန်အစိုးရကနေ Spark ကို Huawei 5G ပစ္စည်း သုံးမယ် / မသုံးဘူးဆိုတဲ့ မတင်မကျအခြေအနေအကြောင်း အပြင် 5G နဲ့ပတ်သက်ပြီး Huawei ကို ပိတ်ပင်မယ်ဆိုတဲ့ သတင်းတွေပေါ် ဖြေရှင်းချက်တွေ ပါဝင်နေတာပါ။

         Huawei Facts ဝက်ဘ်ဆိုက်မှာ ကုမ္ပဏီအနေနဲ့ဆိုက်ဘာလုံခြုံရေးနဲ့ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေးပေါ်မှာ ထားတဲ့ သဘောထားများကို ဖော်ပြထားသလို ကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာ ဆိုက်ဘာစံနှုန်းတွေ တိုးမြှင့်ဖို့နောက် ၅ နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ သုံးစွဲသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

         5G ကို စီးပွားရေးလုပ်ငန်းသဘောတူစာချုပ်အဖြစ် ကုမ္ပဏီတွေနဲ့စာချုပ်ပေါင်း ၃၀ ကျော် ချုပ်ဆိုထားတဲ့ Huawei ဟာ ဥရောပ ၊ အာရှနဲ့အရှေ့အလယ်ပိုင်းတစ်ဝှမ်းမှာ 5G base stations ပေါင်း ၂ သောင်းခွဲကျော် တင်ပို့ထားသလို ဒီနှစ်အတွင်းမှာ 5G chips တွေ ပါဝင်တဲ့ စမတ်ဖုန်းတွေပါ ဖြန့်ချိသွားမယ်လို့ဆိုပါတယ်။

Photo: Huawei

         ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက Huawei ဟာ ဘေဂျင်းမှာ 5G ကွန်ရက် ချိတ်ဆက်နိုင်တဲ့ Balong 5000 ဆိုတဲ့ chip နဲ့Huawei 5G CPE Pro router သစ်တစ်မျိုးတို့ကို မိတ်ဆက်ခဲ့ပါတယ်။ 2GB ၊ 3G ၊ 4G နဲ့5G ကွန်ရက်အားလုံးကို ပံ့ပိုးပေးနိုင်တဲ့ Balong 5000 ဟာ ဒေါင်းလုပ် speed အနေနဲ့6.5Gbps အထိ ဆွဲနိုင်ပြီး လက်ရှိ တယ်လီကွန်းလောကမှာ အမြင့်ဆုံး benchmark ရထားတဲ့ chip လည်း ဖြစ်ပါတယ်။

         Huawei အနေနဲ့အမေရိကန် ၊ ယူကေ ၊ ကနေဒါ ၊ သြစတြေးလျ နဲ့နယူးဇီလန်တို့မှာ 5G ကွန်ရက်အတွက် ပိတ်ပင်မှုတွေရှိထားပေမယ့် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းအော်ပရေတာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ GSMA ကတော့ Huawei ကို ပိတ်ပင်တားမြစ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က