ဘာလင်မှာ ကျင်းပနေတဲ့ IFA ပွဲမှာ Huawei ဟာ နည်းပညာမြင့် Mate 20 series သစ်တွေ မိတ်ဆက်မယ့်ရက်ကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
Photo: GSMArena
ဥရောပရဲ့ အကြီးဆုံး ကုန်သွယ်မှုပြပွဲတစ်ခု ဖြစ်တဲ့ IFA 2018 ပွဲမှာ Huawei ဟာ Kirin 980 processor သစ်သုံးမယ့် Mate 20 နဲ့Mate 20 pro တို့အကြောင်းကို မိတ်ဆက်သွားတာပါ။ ဒီပွဲဖုန်းတွေနဲ့ပတ်သတ်ပြီး အတိအကျ ပြောသွားတဲ့ အချက်က Kirin 980 processo သစ်အကြောင်း ဖြစ်ပါတယ်။
Kirin 980 chipset ဟာ ကမ္ဘာ့ပေါ်မှာ ပထမဆုံး 7nm chipset နည်းပညာနဲ့ထုတ်ထားတဲ့ processor ဖြစ်ပြီး စွမ်းအင်သုံးစွဲမှုအတွက် core ငယ် ၄ ခု ၊ တာရှည်စွမ်းဆောင်ရည်ပိုင်းအတွက် အလတ်စား core ၂ ခုနဲ့ဂိမ်းပိုင်း လုပ်ဆောင်ချက်တွေအတွက် turbo-boost ပေးမယ့် အကြီးစား core ၂ ခု သုံးသွားမယ်လို့ဆိုပါတယ်။ ဒီ processor ကိုပဲ Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor Magic 2 မှာ သုံးသွားမှာပါ။
သတင်းများအရ Huawei Mate 20 ဟာ မျက်နှာပြင် ၆.၃ လက်မရှိပြိး notch အသေးတစ်မျိုးနဲ့ထွက်လာမယ်လို့ဆိုပါတယ်။ ကျောဘက်မှာ Huawei P20 Pro စတိုင် ကင်မရာ ၃ လုံး ပါရှိပြီး ဘက်ထရီကိုတော့ wireless charging အားသွင်းနိုင်တဲ့ 4200 mAh အကြီးစား သုံးသွားဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ Huawei ဟာ IFA 2018 ပွဲမှာ Mate 20 Lite ဗားရှင်းကို မိတ်ဆက်ထားပါတယ်။
Mate 20 မတိုင်ခင် ၁ လခွဲကျော် ကြိုထွက်ထားတဲ့ Huawei Mate 20 Lite ဟာ မျက်နှာပြင် ၆.၃ လက်မ notch display သုံးထားပြီး AI လေ့လာမှုစွမ်းရည် ထည့်သွင်းထားတဲ့ Kirin 710 နဲ့ထွက်လာတာပါ။ RAM 4GB/64GB storage ပါရှိပြီး AI လုပ်ဆောင်ချက် အတော်များများ ပါဝင်လာပါတယ်။
ရှေ့ဘက်မှာ 24MP+2MP ကင်မရာနှစ်လုံးပါရှိပြီး ကင်မရာရိုက်ချက်နဲ့Q Moji ဖန်တီးချက်များအပြင် Face Unlock စနစ်အတွက် ပံ့ပိုးချက်တွေ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာတော့ 20MP+2MP ထောင်လိုက် ကင်မရာနှစ်လုံးတွဲ ပါရှိပြီး ကင်မရာရဲ့အောက်မှာ fingerprint scanner တစ်ခု ပါရှိပါတယ်။
Photo: CNET
Huawei CEO ရစ်ချတ်ယုကတော့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ Huawei Mate 20/20 Pro တို့ကို အင်္ဂလန်နိုင်ငံ လန်ဒန်မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး ဈေးနှုန်းနဲ့ဖြန့်ချိမယ့်ရက် ဆက်လက်စောင့်ဆိုင်းရမှာပါ။