စက်တင်ဘာ ၆ ရက်နေ့မိတ်ဆက်သွားမှာပါ

တစ်နှစ်ထက် တစ်နှစ် Huawei Mate series တွေရဲ့ ဒီဇိုင်းအပြောင်းအလဲက ကြောက်စရာ ကောင်းလောက်အောင် ဆန်းပြားလာပါတယ်။

တရုတ်လူမှုကွန်ရက် Weibo သုံးနေတဲ့ Ishan Agarwal အကောင့်မှာ တက်လာတဲ့ Huawei Mate 30 Pro ရဲ့ ဒီဇိုင်းမှာ အသိသာဆုံး အပြောင်းအလဲက ကျောဘက်ကင်မရာ ဖွဲ့စည်းပုံပါပဲ။ Nokia Lumia 1020 လိုမျိုး စက်ဝိုင်းပုံ ကင်မရာဒီဇိုင်းနဲ့လာပြီး ဒီကင်မရာ setup ထဲမှာတော့ Quad cameras လေးလုံးတွဲ သုံးထားတာ တွေ့ရပါတယ်။

Photo: mspoweruser

ဖုန်းတစ်လုံးစလုံးရဲ့ ကိုယ်ထည်နဲ့ဒီဇိုင်းကို မမြင်ရပေမယ့် ရှေ့ခြမ်းမှာ Huawei Mate 20 Pro အတိုင်း ခပ်ကြီးကြီး Notch ကို သုံးထားလို့3D Face Unlock စနစ် နဲ့လာမယ်လို့ယူဆရပါတယ်။ Quad Cameras မှာ သုံးမယ့် ကင်မရာ sensor တွေအကြောင်း မသိရသေးပေမယ့် Huawei P30 Pro လိုမျိုး 3D ToF sensor တစ်ခုလည်း ပါလာဖို့ရှိပါတယ်။

သတင်းတွေမျာတော့ Huawei Mate 30 Pro ဟာ 1/1.55 လက်မ ပင်မကင်မရာနဲ့1/1.7 လက်မ ultra-wide ကင်မရာကြီး နှစ်ခု ပါလာပြီး 5x periscope သုံးနိုင်မယ့် တတိယကင်မရာတစ်လုံးလည်း သုံးသွားဖို့ရှိနေပါတယ်။ ကာလာအနေနဲ့ထူးထူးခြားခြား အစိမ်းနဲ့ခရမ်းပြာစပ်ရောင်လည်း ဈေးကွက်မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။

Photo: slashgear

Huawei ဟာ မကြာသေးခင်ကပဲ 5G chipset သစ်ဖြစ်တဲ့ Kirin 990 processor သစ်ကို မိတ်ဆက်သွားတာ ဖြစ်လို့Huawei Mate 30 Pro မှာ ဒီ processor သစ်ကို မြင်ရဖို့ရှိပါတယ်။ နောက်ထပ် သတင်းတစ်ပုဒ်မှာတော့ အားသွင်းမှုပုံစံပါပဲ။

ပုံမှန် အားသွင်းမှုမှာ အရင် Mate 20 Pro တို့မှာလိုပဲ 40W fast charging နဲ့လာပြီး wireless charging ပိုင်းမှာ အမြင့်ဆုံးလို့ပြောနိုင်တဲ့ 27W charging သုံးမယ်လို့ဆိုပါတယ်။ Huawie Mate 30 စီးရီး ဖုန်းသစ်တွေကို စက်တင်ဘာ ၆ ရက်နေ့မှာ မိတ်ဆက်တော့မှာ ဖြစ်လို့နောက်တစ်ပတ် ၁၀ ရက်အတွင်းမှာကို အချက်အလက် အပြည့်အစုံ ကြားသိရတော့မှာပါ။

Share

Loading Next Article...
က္က