Mate 20 pro စတိုင် Notch Display ကို သုံးလာဖို့ ရှိပါတယ်

စက်တင်ဘာ ပထမအပတ်မှာ တရားဝင်မိတ်ဆက်သွားမယ့် Huawei Flagship ဖုန်းသစ်တွေအတွက် Pre-Booking တင်သူ ၁ သန်းကျော်သွားပြီလို့ ဆိုပါတယ်။ 

Huawei Mate 50 စီးရီးကို iPhone သစ် မိတ်မဆက်ခင် တစ်ရက်ကြိုပြီး စက်တင်ဘာ ၆ ရက်နေ့ တရုတ်နိုင်ငံမှာ မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ Huawei ရဲ့နေရာပျောက်ဆုံးလာပေမယ့် Huawei ဖုန်းသစ်တွေကို ဝယ်ယူဖို့ စိတ်အားထက်သန်သူတွေ သန်းနဲ့ချီ ရှိနေပါတယ်။ Huawei ရဲ့ ကိုယ်ပိုင် ဝက်ဘ်ဆိုက်နဲ့ တခြား e-Commerce ပလက်ဖောင်းတွေပေါ်မှာ Huawei Mate 50 စီးရီးသစ် ဝယ်ဖို့ ကြိုတင်စာရင်းပေးထားသူ ၁ သန်းကျော် ရှိနေပြီလို့ ဆိုပါတယ်။ 





တရားဝင်မိတ်ဆက်ရက် မရောက်ခင်အထိ Huawei Mate 50 နဲ့ Huawei Mate 50 Pro တို့ ဝယ်ယူဖို့ Pre-Booking တင်မယ့်သူတွေ နောက်ထပ်အများကြီး ကျန်နိုင်ပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့စာရင်း Entity List မှာ ထည့်သွင်းခံရတာ ဖြစ်လို့ Huawei ဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေးတွဲလုပ်လို့ မရတော့သလို Google Services တွေနဲ့ နာမည်ကျော် Qualcomm ရဲ့ 5G Modems လိုမျိုး မိုဘိုင်းနည်းပညာတွေ အသုံးပြုခွင့်ပါ အပိတ်ခံထားရပါတယ်။ 

အမေရိကန်ပိတ်ဆို့မှုရဲ့ ရလဒ်အဖြစ် နောက်ပိုင်းထွက် Huawei ဖုန်းတွေမှာ 5G နည်းပညာ နဲ့ Google Services တွေ ပါမလာတော့ပါဘူး။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာလည်း နံပါတ် ၁ နေရာကို ခြိမ်းခြောက်နေတဲ့ Huawei ဟာ ထိပ်ဆုံးစမတ်ဖုန်း Brand ၅ ခုစာရင်းကနေပါ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် Huawei Mate 50 နဲ့ Huawei Mate 50 Pro တွေမှာလည်း 5G နဲ့ တခြား အမေရိကန်နည်းပညာကုမ္ပဏီတွေရဲ့ နည်းပညာတွေ မြင်ရတော့မှာ မဟုတ်ပါဘူး။ 

စက်တင်ဘာ ၆ ရက်နေ့ မိတ်ဆက်မယ်ဆိုတဲ့ Huawei Mate 50 စီးရီးထဲမှာ Huawei Mate 50 ၊ Huawei Mate 50 Pro နဲ့ Huawei Mate 50 RS Porsche Design ဆိုပြီး ဗားရှင်း ၃ မျိုး ပါဝင်လာဖို့ ရှိပါတယ်။ Standard ဗားရှင်းဟာ Snapdragon 888 SoC သုံးလာနိုင်ပြီး High-End ကျတဲ့ မော်ဒယ်တွေမှာ Quaclomm Snapdragon 8 Gen 1 SoC ကို အသုံးပြုဖို့ ရှိပါတယ်။ ရိုးရိုး Standard ဗားရှင်းမှာ Punch Hole ဒီဇိုင်း အသုံးပြုသွားဖို့ ရှိပြီး Pro မော်ဒယ်မှာ Mate 20 Pro နဲ့ ဆင်တဲ့ အကြီးစား Notch ဒီဇိုင်းကို သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။ 

Standard Version ကို ရုပ်ထွက်မြင့် Flat Panel သုံး ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ ရှိပြီး Pro မော်ဒဘ်ဟာ 120Hz Refresh Rate ပါ ဘောင်ကွေး Curved Screen သုံးလာမယ်လို့ ယူဆရပါတယ်။ တရုတ်ဖုန်းသတင်းသမားတစ်ဦးဖြစ်တဲ့ Digital Chat Station ကတော့ Huawei Mate 50 Pro မှာ 1.5K Curved Screen ကို သုံးမယ်လို့ ပြောပါတယ်။ 1.5K ဆိုတာ QHD နဲ့ FullHD+ အကြားက ရုပ်ထွက်ကို တရုတ်မှာ ခေါ်တဲ့ အခေါ်အဝေါ်ဖြစ်ပြီး ဈေးကွက်ထဲမှာ 1.5K Screen သုံးဖုန်းအနေနဲ့ Redmi K50 Ultra (2712 x 1220px) ပဲ ထွက်ထားတာ ဖြစ်ပါတယ်။ 


Pro မော်ဒယ်ရဲ့ Notch ထဲမှာ Selfie ကင်မရာအပြင် သုံးစွဲသူအတွေ့အကြုံကို မြှင့်တင်ပေးနိုင်မယ့် FaceID နဲ့ ကိုယ်ဟန်အနေအထား ထောက်လှမ်းသိ စနစ်တစ်မျိုး သုံးလာဖို့ ရှိပါတယ်။ ကျောဘက်မှာ လက်စွပ်ကွင်းပုံစံ ကင်မရာအဝိုင်းကြီးနဲ့ လာပြီး ဓါတ်ပုံရိုက်ချိန်မှာ အလင်းထိန်းချုပ်မှုကို ပိုလုပ်ဆောင်နိုင်မယ့် အသစ်စက်စက် Variable aperture ပါ Main Camera တစ်ခု ပါရှိနိုင်ပါတယ်။ ပိုစတာမှာ တက်လာတဲ့ ပုံအရဆို Huawie Mate 50 စီးရီးဟာ Bright Black ၊ Glaze White နဲ့ Obsidian Black ကာလာ ၃ ရောင်နဲ့ ထွက်လာနိုင်ပါတယ်။ 

ဈေးနှုန်းကိုတော့ Pro မော်ဒယ်ကို ယွမ် ၅၀၀၀ (မြန်မာငွေ ၁၅ သိန်းခွဲကျော်) ဈေးကနေ စတင်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က