Huawei ရဲ့ နောက်ဆုံးပေါ် Flagship ထုတ်ကုန် Lineup ဖြစ်တဲ့ Mate 50 စီးရီးအပါအဝင် ဈေးသင့်တင့်တဲ့ Huawei Nova Y61 ၊ Huawei MatePad SE သစ်တို့ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်လာပါတယ်။
Huawei ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ အဆင့်မြင့် Huawei Mate 50 စီးရီးကို ယခုလအတွင်း နိုင်ငံတကာဈေးကွက်ထဲ ပထမဆုံး မိတ်ဆက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ Huawei Nova Y61 ကို ပထမဆုံးစတင်မိတ်ဆက်တဲ့ ဈေးကွက်တွေထဲမှာ ပါဝင်နေပါတယ်။ Flagship ထုတ်ကုန်သစ်ဖြစ်တဲ့ Huawei Mate 50 Series ဟာ ကုမ္ပဏီရဲ့ စမတ်ဖုန်းထုတ်လုပ်မှုသက်တမ်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားပြီး "မျှော်မှန်းထားသည်ထက် ပို" တဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
Huawei Mate 50 Series
အာကာသပလတ်လမ်းကြောင်းပုံစံ ဒီဇိုင်းနဲ့ လာပြီး တမူထူးခြားကွဲပြားတဲ့ Huawei Mate 50 Series ထဲမှာ Huawei Mate 50 Pro (Orange) ဗားရှင်းဟာ အကြမ်းခံ Kunlun Glass မှန်နဲ့ ထုတ်လုပ်ထားတာကြောင့် တခြားဖုန်းတွေထက် ပြုတ်ကျမှုဒဏ်ကို ၁၀ ဆပို ခံနိုင်ရည်ရှိမှာပါ။ ဒီစီးရီးဟာ ဆွစ်ဇာလန် SGS ရဲ့ Five-Star-Glass Drop Resistance Certification ကိုရရှိထားသည့် ပထမဆုံးဖုန်းဖြစ်သလို IP68 Rating ပါတာကြောင့် ရေအနက် ၆ မီတာအထိ ရေစိုဒဏ်ခံနိုင်မယ်လို့ ဆိုပါတယ်။
Huawei Mate Series သစ်ဟာ DxO Mark အမြင့်ဆုံး ရထားပြီး တရုတ်ဈေးကွက်မှာလည်း အရောင်းရဆုံးဖုန်းစာရင်းဝင်ပါတယ်။ Hauwei Mate 50 ကို ပရီအော်ဒါမှာယူမှုအရေအတွက်ဟာ ၂.၄၅ သန်း ကျော်ခဲ့ပြီး ပထမဆုံး စတင်ရောင်းချတဲ့နေ့မှာ ၁၀ စက္ကန့်အတွင်း ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ဈေးကွက်မှာ Huawei Mate 50 စီးရီးဟာ Beidou Satellite Messaging ဂြိုလ်တုဆက်သွယ်ရေးအထောက်အပံ့ ပထမဆုံးပေးလာတဲ့ဖုန်းအဖြစ် မှတ်တမ်းဝင်ပါတယ်။ Huawei Mate 50 စီးရီးရဲ့ ကျောဘက်ဒီဇိုင်းကို မှန်နဲ့ Vegan Leather နှစ်မျိုးနဲ့ ထုတ်လုပ်ထားပြီး ငွေရောင် နဲ့ အနက်ရောင်နှစ်မျိုး ထွက်ထားပါတယ်။
ကင်မရာပိုင်းမှာ ၁၀ ဆပို စွမ်းဆောင်ရည်မြင့်တဲ့ Adjustable Physical Aperture ပါရှိပြီး Optical System ၊ Mechanical Structure ၊ Imaging Technology နဲ့ Image Processing တို့ကို အဆင့်မြှင့်တင်ထားတဲ့ Ultra Aperture XMAGE Camera တို့ အသုံးပြုထားပါတယ်။ Auto Mode နဲ့ ရိုက်ချက်တွေမှာ Aperture Size ကို မြင်ကွင်းနဲ့ ကိုက်ညီမှုရှိစေဖို့ Smart Aperture ကနေ အလိုအလျောက် ထိန်းညှိပေးပါတယ်။
Huawei Mate 50 စီးရီးမှာ အဆ ၂၀၀ အထိ မြင်ကွင်းချဲ့ ရိုက်ကူးပေးနိုင်မယ့် Periscope Telephoto Lens ၊ အသေးစိတ်ကြည်လင်ပြတ်သားတဲ့ ရိုက်ချက်တွေ ထောက်ပံ့ပေးနိုင်တဲ့ Wide-Angle Macro ကင်မရာတို့လည်း သုံးထားပါတယ်။ ဒီဖုန်းတွေမှာ နှစ်ခုထပ်နေတဲ့ ဖိုင်တွေကို အလိုအလျောက်ဖယ်ရှားပြီး အသုံးပြုမှုနည်းတဲ့ Application တွေကို ချုံ့ပေးနိုင်တဲ့ SuperStorage စနစ်လည်း ပါဝင်ပါတယ်။
Huawei Nova Y61
ဈေးသင့်တဲ့ အလတ်တန်းစား Huawei Nova Y61 ဟာ ကျောဘက်ကင်မရာ သုံးလုံးပါရှိပြီး Super Night Shot ၊ AI Snapshot ၊ Slow Motion Features စတဲ့ အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်ထားပါတယ်။ လူငယ်အကြိုက် ဈေးနှုန်းသင့်တင့်တဲ့ဖုန်းအဖြစ် ထွက်လာပြီး Highlight Features တွေအနေနဲ့ 50MP AI Triple ကင်မရာ ၊ Bokeh-Effect ရိုက်ကူးနိုင်မယ့် 2MP Depth Camera နဲ့ အနုစိတ်ရိုက်ကူးမှုတွေ လုပ်ဆောင်နိုင်မယ့် 4cm Macro ကင်မရာတို့ အသုံးပြုထားပါတယ်။
ကိုယ်ထည်ကို ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး လုံခြုံရေးအတွက် ဘေးဘောင်ပါဝါခလုတ်အတွင်း လက်ဗွေနည်းပညာ ထည့်ထားပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၅၂ လက်မ HD+ Display ဟာ 8x Ultra High-Resolution Touching Control နဲ့ ဖုန်း Display ကို အကောင်းဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။ 5000mAh ဘက်ထရီဟာ ဒီဖုန်းကို ၉ နာရီခွဲကြာ ဆက်တိုက် ဂိမ်းကစားတာ ၊ ၂၅ နာရီဆက်တိုက် ဖုန်းပြောတာ ၊ ၁၃ နာရီခွဲကြာ အင်တာနက်ဝက်ဘ်ဆိုက်အသုံးပြုမှုတွေ စွမ်းဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီအားကို 22.5W SuperCharge နည်းပညာနဲ့ အမြန်အားသွင်းနိုင်အောင် စီစဉ်ပေးထားပါတယ်။
Huawei MatePad SE
၁၀.၄ လက်မ FullView Display သုံးထားတဲ့ Huawei MatePad SE ဟာ Screen-To-Body Ratio ၈၃% ရှိပြီး ဘေးဘောင်သားတွေဟာ ၈.၅ မီလီမီတာပဲ ရှိမယ်လို့ ဆိုပါတယ်။ အချိုးကျတဲ့ ဘေးဘောင်ဒီဇိုင်းအပြင် ၄၄၀ ဂရမ်ပဲ ရှိတဲ့ အလေးချိန်ကြောင့် လက်ထဲ သက်တောင့်သက်သာနဲ့ အသုံးပြုနိုင်မှာပါ။ တက်ဘလက်ရဲ့ ဘယ်နဲ့ညာဘက်တွေမှာ စပီကာတစ်လုံးစီ တပ်ဆင်ပေးထားပြီး မျက်စိအမြင်အာရုံသက်သာမှုပိုင်းမှာ TUV Rheinland Low Blue Light Certification နဲ့ Flicker Free Certification တို့လည်း ရထားပါတယ်။
Huawei Mate 50 စီးရီးမှာ Huawei Mate 50 နဲ့ Mate 50 Pro ကို RAM 8GB + 256GB Storage အမျိုးအစားနဲ့ ထွက်ထားပြီး အနက်နဲ့ ငွေရောင်ကာလာတွေနဲ့ ထွက်ထားပါတယ်။ Kunlun Glass ဗားရှင်း Huawei Mate 50 Pro ကို RAM 8GB/512GB Storage ဗားရှင်းနဲ့ ဝယ်ယူနိုင်မှာပါ။ လိမ္မော်ရောင် Vegan Leather ဗားရှင်းကို နိုဝင်ဘာလကုန်မှာ ပြည်တွင်းဈေးကွက်ထဲ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။
Huawei Nova Y61 ကို Midnight Black ရောင် ၊ Sapphire Blue ကာလာ နဲ့ Mint Green အစိမ်းရောင်တွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး RAM 6GB/64GB Storage ဗားရှင်းတွေနဲ့ ထွက်ထားပါတယ်။ Huawei MatePad SE ကို RAM 4GB + 128GB Storage ဗားရှင်းနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး အနက်ရောင် Graphite Black ကာလာနဲ့ လာမယ့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှာ ရောင်းချသွားမှာပါ။ ဈေးနှုန်းတွေကိုတော့ Huawei Offical Facebook စာမျက်နှာကနေ မကြာခင် ကြေညာသွားမယ်လို့လည်း သိရပါတယ်။
Share