တရုတ်နိုင်ငံက Huawei နာမည်သုံးပြီး ထုတ်ကုန်အတုလုပ်ရောင်းသူကို ကုမ္ပဏီက တရားစွဲလိုက်ပါတယ်။
Shenzhen Jinyun Video Equipment Co., Ltd လို့ ခေါ်တဲ့ ကုမ္ပဏီဟာ Huawei ရဲ့ ကုန်ပစ္စည်းမှတ်ပုံတင်ကို ချိုးဖောက်ပြီး FREEBUDS Trademark နဲ့ ထုတ်ကုန်တုတွေ ထုတ်လုပ်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ Huawei earbuds တွေကို အတုလုပ်ရောင်းတဲ့ ဒီကုမ္ပဏီဟာ အွန်လိုင်းထုတ်ကုန်စာမျက်နှာမှာ ဝယ်သူကို လှည့်စားဖို့ "တရားဝင် အမှန်အကန် Huawei ပစ္စည်းသီးသန့်" နဲ့ "တရားဝင် အော်ရီဂျင်နယ် ပစ္စည်း" စတဲ့ စာသားတွေ သုံးပြီး ကြော်ငြာခဲ့တာပါ။
ဒီကိစ္စကို Huawei ဘက်က စုံစမ်းပြီး Shenzhen Jinyun Video Equipment Co., Ltd ကို ကုန်ပစ္စည်းအမှတ်တံဆိပ် နဲ့ မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာပါ။ Huawei အနေနဲ့ စီးပွားရေးနစ်နာမှုအတွက် ယွမ် ၃ သန်း (ဒေါ်လာ ၄၅၀၀၀၀ ခန့်) လျော်ကြေး တောင်းခဲ့သလို တရားရုံးစရိတ်ပါ ကျခံစေဖို့ တောင်းဆိုခဲ့ပါတယ်။ အမှုကို ဟန်ကျောင်မြို့ Yuhang District People ခုံရုံးမှာ ကြားနာခဲ့ပြီးနောက် တရားရုံးက Huawei ကို အမှုအနိုင်ပေးခဲ့ပါတယ်။
Huawei နားကြပ် အတုလုပ်ရောင်းတဲ့ Shenzhen Jinyun Video Equipment Co., Ltd ကိုလည်း ယွမ် ၁ သန်း ( ဒေါ်လာ ၁ သိန်းခွဲခန့်) လျော်ကြေးပေးဖို့ အမိန့်ချခဲ့တယ်လို့ ဆိုပါတယ်။