Huawei နည်းပညာသုံး စမတ်လျှပ်စစ်ကားတွေ လာတော့မှာပါ

တစ်ခါက ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ကမ္ဘာကျော်ခဲ့တဲ့ Huawei ဟာ လျှပ်စစ်ကားလောကထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရပိုင် မော်တော်ယာဉ်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ BAIC နဲ့ Huawei တို့ ပေါင်းပြီး BAIC အမှတ်တံဆိပ်နာမည်အောက်မှာ လျှပ်စစ်ကားတွေ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ Huawei ဟာ ယာဉ်မောင်းအထောက်အကူပြုနည်းပညာ နဲ့ သတင်းအချက်အလက် ဖျော်ဖြေရေးပိုင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပြီး Huawei နည်းပညာသုံး လျှပ်စစ်ကားတွေအဖြစ် မြင်ရတော့မှာပါ။




Photo: GSMArena

IT Home က လာတဲ့ သတင်းတစ်ပုဒ်ထဲမှာ Huawei နဲ့ Huawei ကုမ္ပဏီတို့ဟာ လျှပ်စစ်ကားအမှတ်တံဆိပ်သစ်တစ်ခု စတင်ဖို့ စီစဉ်ထားကြောင်း ဖော်ပြထားပြီး Huawei ဘက်က ဈေးကွက်ဖြန့်ဖြူးရေးပိုင်း တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။ EV အမှတ်တံဆိပ်သစ် ယာဉ်တွေကို Huawei ရဲ့ ထုတ်ကုန်ပြခန်းဟောင်းတွေမှာ သီးသန့် ဖြန့်ဖြူးရောင်းချသွားမှာပါ။

တရုတ်နိုင်ငံရဲ့ ဆဌမမြောက် အကြီးဆုံးကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ BAIC ဟာ ယာဉ်ထုတ်လုပ်ရေးပိုင်း လုပ်သွားမှာ ဖြစ်ပြီး Huawei ကတော့ ကုမ္ပဏီရဲ့ Huawei DriveONE ပလက်ဖောင်းပေါ်ကနေ နည်းပညာဆိုင်ရာ ထောက်ပံ့မှုတွေ လုပ်ဆောင်သွားမှာပါ။ ယာဉ်ပလက်ဖောင်းအနေနဲ့ Jihu လို့ခေါ်တဲ့ ပလက်ဖောင်းကို သုံးသွားမှာ ဖြစ်ပြီး ဒီနည်းပညာဟာ Wenje နဲ့ Jihu ယာဉ်တွေမှာလည်း သုံးထားပါတယ်။

တရုတ်မော်တော်ကားဈေးကွက်ထဲက ယာဉ်အမှတ်တံဆိပ်တချို့မှာ သုံးနေပြီဖြစ်တဲ့ Huawei Inside ပလက်ဖောင်းကိုလည်း အသုံးပြုလာနိုင်ပါတယ်။ Huawei ထုတ် HarmonyOS ဟာ စမတ်ဖုန်း ၊ စမတ်ကားနဲ့ စမတ်အိမ်တွေအကြား ချိတ်ဆက်ပေါင်းစည်းနိုင်တဲ့ Huawei Inside ကို အထောက်အပံ့ပေးထားပါတယ်။ Huawei ကုမ္ပဏီအနေနဲ့ ကိုယ်ပိုင်ယာဉ်ထုတ်လုပ်မှု လုပ်ဆောင်မှာ မဟုတ်ပေမယ့် စမတ်လျှပ်စစ်ကား နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ လုပ်ဆောင်သွားမှာပါ။

နောက်ဆုံးပေါ် Huawei နည်းပညာသုံးထားတဲ့ စမတ်လျှပ်စစ်ကားတွေလည်း ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။ Huawei နည်းပညာသုံး ယွမ် ၃၄၉၉၀၀ တန် Avatr 11 လျှပ်စစ်ကားကို ဒီနှစ်ထဲ မိတ်ဆက်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က