ဇန်နဝါရီလထဲမှာ ဒီအမိန့်ကို ထုတ်ပြန်မှာပါ

အမေရိကန်အိမ်ဖြူတော်အစိုးရဟာ တရုတ်တယ်လီကွန်းအစိတ်အပိုင်းတွေ ဝယ်ယူမှုကို သီးသန့်ပိတ်ပင်မယ့် အမိန့်တစ်ရပ်ထုတ်ပြန်ဖို့စဉ်းစားနေပါတယ်။

Photo: Reuters

         Reuter သတင်းမှာ ဖော်ပြချက်အရ ဒီကုန်သွယ်ရေးပိတ်ဆို့မှု အမိန့်ဟာ Huawei နဲ့ZTE တို့ကို အဓိကပစ်မှတ်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းအစိတ်အပိုင်းတွေ ထုတ်လုပ်နေတဲ့ ဒီတရုတ် ကုမ္ပဏီကြီး နှစ်ခုကို အခုလို ပိတ်ပင်ခြင်းဟာ ပဉ္စမမျိုးဆက် 5G ကွန်ရက်အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦ အစိတ်အပိုင်းတွေ ရောင်းချမှုဈေးကွက်ကနေ ဖယ်ထုတ်မယ့် အစီအစဉ်လည်းဖြစ်ပါတယ်။

         နိုင်ငံ့လုံခြုံရေးကို ထိပါးမယ့်အရေးကို ရှောင်လွဲှဖို့ရည်ရွယ်ပြီး သီးသန့်အာဏာတည်မယ့် ဒီအမိန့်အတွက် အမေရိကန်အစိုးရဟာ ၈ လကျော်ကြာ ရေးဆွဲခဲ့တာ ဖြစ်ပြီး လာမယ့် ဇန်နဝါရီလထဲမှာ ထုတ်ပြန်ဖို့ရှိပါတယ်။ ZTE နဲ့Huawei ကုမ္ပဏီနှစ်ခုစလုံးကို အခုလို ပိတ်ရခြင်းဟာ တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီတွေအဖြစ် အမေရိကန်အစိုးရထောက်လှမ်းရေးများမှ သံသယရှိထားကြတာပါ။

         ယခုလဆန်းပိုင်းမှာပဲ Huawei ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ဇောင်ကို အမေရိကန်ဘက်မှ တောင်းဆိုမှုနဲ့ကနေဒါမှာ ထိန်းသိမ်းအရေးယူထားခဲ့ပါတယ်။ Huawei ကုမ္ပဏီကြီးကို တည်ထောင်သူတစ်ဦး ရန်ဇီဖိန်းရဲ့ သမီးဖြစ်သူကို ဖမ်းထားရတဲ့ အကြောင်းကတော့ အီရန်နဲ့စီးပွားရေး လုပ်ဆောင်ပြီး အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု ဆန်ရှင်ကို ဖောက်ဖျက်တာကြောင့်လို့ဆိုပါတယ်။

         အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကပဲ ZTE နဲ့Huawei အပါအဝင် တရုတ်ဆက်သွယ်ရေးကုမ္ပဏိတွေဆီက တယ်လီကွန်းအစိတ်အပိုင်းနဲ့ရုပ်သံစောင့်ကြည့်ရေး ပစ္စည်းတွေ ဝယ်ယူခွင့်ကို တားမြစ်တဲ့ ဥပဒေတစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Share

Loading Next Article...
က္က