punch hole ကင်မရာနဲ့ကျောဘက် Quad Lens တွေရဲ့ ထူးခြားမှုတွေကို ချဉ်းကပ်ထားပါတယ်

စက်တင်ဘာလဆန်းပိုင်းက ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ Quad rear lens သုံး Huawei Nova 5T ရဲ့ ကင်မရာဟာ AI လုပ်ဆောင်ချက်တွေ အများကြီးပါလာပါတယ်။

Huawei Nova 5T ဟာ punch hole ကင်မရာပေါက်နဲ့လာပြီး ကျောဘက်မှာ ထောင်လိုက်ကင်မရာ ၄ လုံးတွဲ သုံးထားပါတယ်။ ရှေ့ဘက် 32MP ကင်မရာနဲ့ဆိုရင် ဒီဖုန်းဟာ စုစုပေါင်း ကင်မရာ ၅ လုံး သုံးထားတာ ဖြစ်ပါတယ်။ စမတ်ဖုန်းဓါတ်ပုံနည်းပညာပိုင်းမှာ Huawei Nova 5T ဟာ ဘယ်လို features တွေ ဆန်းသစ်ထားသလဲဆိုတာ ပြန်ပြီး မျှဝေပေးချင်ပါတယ်။


(၁) AI အထောက်အကူပြု ကင်မရာစနစ်


Photo: lowyat


Huawei Nova 5T ရဲ့ 32MP ဆယ်လ်ဖီကင်မရာာ ultra-clarity ကင်မရာဖြစ်လို့တိကျသပ်ရပ်တွေ ပုံရိပ်တွေ ရိုက်ကူးရာမှာ ဆံချည်မျှင်စ်ခုချင်းစီအထိ ရှင်းလင်းပြတ်သားအောင် ပုံဖော်ပေးနိုင်ပါတယ်။ ဒီကင်မရာဟာ AI HDR+ နည်းပညာ ပါဝင်လို့အကောင်းဆုံး ဆယ်လ်ဖီပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

AI feature အနေနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေရဲ့ နောက်ခံအရောင်ကို အဖြူအမည်းပြောင်းပြီး ကိုယ့်ရိုက်ထားတဲ့ subject ကို အသားပေးဖော်ပြနိုင်မယ့် AI Color နည်းပညာ နဲ့video editing ပိုင်းမှာ လူတိုင်းအတွက် အလိုအလျောက် ဗွီဒီယိုပြုပြင်မှု လုပ်ပေးမယ့် AI Sportlight Reel စနစ်တို့လည်း ထည့်သွင်းထားပါတယ်။


(၂) အနေအထားပေါင်းစုံကနေ အကောင်းဆုံးဓါတ်ပုံတွေ ရိုက်ကူးပေးမယ့် Quad-Camera


Photo: Huawei


Huawei Nova 5T ဟာ ကျောဘက်မှာ ထောင်လိုက် ကင်မရာ ၄ လုံး သုံးထားတဲ့ ဖုန်းပါ။ ဒီကင်မရာတွေကို ကြည့်မယ်ဆိုရင် AI နည်းပညာပါ semantic segmentation နဲ့ partition optimization စနစ်တွေ ထည့်ထားတဲ့ 48MP HD Lens ၊ 16MP wide-angle lens ၊ 2MP macro lens နဲ့2MP bokeh lens တွေ ဖြစ်ပါတယ်။

ဒီကင်မရာ ၄ လုံးဟာ ဓါတ်ပုံတစ်ပုံချင်းစီရဲ့ တိကျပြတ်သားမှုကို ဖော်ထုတ်ပေးနိုင်ပြီး အလင်းအမှောင်အနေအထားအလိုက် exposure ထိန်းညှိနိုင်သလို သဘာဝရှုမျှော်ခင်းတွေကိုလည်း အနီးကပ် ရိုက်ကူးပေးနိုင်မှာပါ။ Sony IMX586 sensor ပါ 48MP ကင်မရာဟာ 4-in-1 pixel fusion နည်းပညာ ပါဝင်တာကြောင့် ဓါတ်ပုံတွေကို ရုပ်ထွက်အမြင့် ဖမ်းပြီး ပုံဖော်ပေးမှာပါ။ ဒီအတွက်လည်း အလင်းအားရုံခံစနစ်ကို 1/2 inch light sensing unit ထည့်ပေးထားကပါတယ်။


(၃) Handheld Night Photography




Handheld Super Night mide ကတော့ အလင်းရောင် အားနည်းချိန် ရိုက်ချက်တွေအတွက် ဓါတ်ပုံကောင်းတွေ ထွက်လာဖို့Light Sensing နည်းပညာ ၊ Image Denoising စနစ် ၊ Long Exposure ၊ Multi-frame Stabilization နဲ့Caibration ချိန်တဲ့ စနစ်တွေ သုံးထားပါတယ်။ Handheld ဆိုတဲ့အတိုင်း လက်နဲ့ဖုန်းကို ကိုင်ရိုက်ထားချိန်မှာကိုပဲ Tripod သုံးပြီး ပရိုကျကျ ရိုက်ထားသလို ပုံရိပ်ကောင်းတွေ ထွက်လာမှာပါ။

Huawei Nova 5T မှာ အဆင့်မြှင့်ထားတဲ့ Image Signal Processing ၊ Neural Processing Unit ၊AI Image Stabilization တွေအပြင် ကိုယ်ဖမ်းထားတဲ့ ပုံ RAW Image တွေကို multi-frame synthesis algorithm နဲ့ပြုပြင်ပေးနိုင်တာကြောင့် ပုံတစ်ပုံချင်းစီရဲ့ အလင်းအမှောင် ကာလာအနုအရင့် ချိန်နိုင်သလို ပုံရိပ် ကြည်လင်ပြတ်သားမှုပါ အဆင့်မြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် Night shot တွေမှာ Shutter တစ်ချက်တည်း နှိပ်ရုံနဲ့ကင်မရာ Settings ပင်ပေးနိုင်သလို ဓါတ်ပုံရိုက်ပြီးနောက် Editing လိုက်စရာ လိုတော့မှာ မဟုတ်ပါဘူး။


(၄) မြင်ကွင်းကျယ် ရိုက်ကူးမှုအတွက် Ultra-Wide angle lens


Photo: thestar

ultra-wide ရိုက်ချက်တွေ အကြိုက်တွေ့တဲ့ သူတွေအတွက် Huawei Nova 5T ရဲ့ f/2.2 17 mm ultra-wide angle lens ဟာ မြို့ပြနဲ့သဘာဝရှုခင်းတွေရဲ့ ကျယ်ပြောမှုကို ပုံဖော်တဲ့ နေရာမှာ သိသိသာသာ ကောင်းမွန်စေမှာပါ။ အနီးကပ် ရိုက်ချက်တွေအတွက်လည်း 4cm အထိ နီးကပ်တဲ့ ပုံရိပ်တွေ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။

Portrait ပုံတွေ ရိုက်တဲ့ အချိန်မှာလည်း background blur ကို ပိုကောင်းစေဖို့bokeh lens နဲ့ဆော့ဖ်ဝဲလ် algorithm တွေ သုံးထားတဲ့အပြင် Kirin 980 AI Chipset ရဲ့ ISP real-time processing လုပ်ဆောင်ချက်တွေကြောင့် wide aperture bokeh တွေဟာ ပိုပြီး သဘာဝကျလာပါတယ်။


(၅) AI နည်းပညာသုံး ဗွီဒီယိုရိုက်ကူးမှု

Photo: lowyat


Huawei Nova 5T ဟာ ဗွီဒီယိုရိုက်ကူးမှုမှာပါ AI နည်းပညာတွေ သုံးထားပါတယ်။ ဖုန်းနဲ့ဗွီဒီယိုရိုက်ရတာ ဝါသနာကြီးသူတွေအတွက် AI Image Stablization ရုပ်ငြိမ်စနစ် ၊ Auto Exposure Lock (AEL) နဲ့Auto Focus Lock (AFL) နည်းပညာတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ရိုက်ကူးတဲ့ ပုံတွေ တုန်တာ မှုန်ဝါးတာမျိုး ကင်းပြီး တိကျပြတ်သားတဲ့ ရုပ်သံဗွီဒီယိုတွေ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။


ယခုသတင်းဆောင်းပါးအား Huawei Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။

Share

Loading Next Article...
က္က