နာမည်ကြီး Streamers ၈ ဦးလည်း ပွဲလာတက်မှာပါ

ဆုကြေး ဒေါ်လာ ၅ ထောင်အထိပေးမယ့် PUBG ပြိုင်ပွဲ main event အတွက် နောက်ဆုံးအဆင့် အရည်အချင်းမီတဲ့ အသင်း ၁၆ သင်း ထွက်လာပြီ ဖြစ်ပါတယ်။


         Game Cast Network Myanmar နဲ့Huawei တို့ပူးပေါင်းပြီး ကျင်းပနေတဲ့ Huawei New Year Championship 2018 ပွဲရဲ့ နောက်ဆုံး main event ကို ဒီဇင်ဘာ ၃၁ ရက် ရန်ကုန်မြို့Junction City မှာ ကျင်းပသွားမှာပါ။

         Huawei NYC 2018 ပွဲအတွက် Qualifier ပွဲစဉ် ၄ ခု ကျင်းပခဲ့ပြီး ဒီပွဲစဉ်တစ်ခုစီကနေ အသင်း ၄ သင်းစီ တက်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ၁၆ သင်းမှာ နယ်ဘက်မှ အသင်း ၈ သင်းနဲ့ရန်ကုန်အခြေစိုက် ၈ သင်းတို့ပါဝင်ခဲ့တာပါ။

         Qualifier 4 ကနေ ရွေးချယ်ခံရတဲ့ နယ်အသင်းတွေအတွက် Grand Final ပွဲကို စရိတ်ငြိမ်းနဲ့ဖိတ်ခေါ်သွားမှာ ဖြစ်ပြီး ဆုကြေးအနေနဲ့Grand Final ချန်ပီယံအသင်းကို ဒေါ်လာ ၃၀၀၀ ၊ 1st Runner Up အသင်းကို ဒေါ်လာ ၁၀၀၀ ၊ 2nd Runner Up အသင်းကို ဒေါ်လာ ၅၀၀ ၊ 3rd Runner Up အသင်းကို ဒေါ်လာ ၃၀၀ နဲ့4th Runner Up အသင်းကို ဒေါ်လာ ၂၀၀ စီ ချီးမြှင့်ပေးသွားမယ်လို့ဆိုပါတယ်။

Photo: Game Cast Network Myanmar

         Grand Final နောက်ဆုံးအဆင့်မှာ နာမည်ကြီး streamer ၈ ဦး လည်း လာရောက်အားပေးရင်း ဂိမ်းတွေ ကစားသွားမယ်လို့သိရပါတယ်။

      

Share

Loading Next Article...
က္က