5G အတွက် ပိတ်ပင်ဖို့မတိုက်တွန်းထားပါဘူး။

ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး သံသယရှိခံထားရတဲ့ Huawei အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ရှိလာပြီ ဖြစ်ပါတယ်။

         အမေရိကန်အစိုးရဟာ နိုင်ငံ့လုံခြုံရေးစည်းကို ထိပါးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့Huawei ကို ပိတ်ပင်တားမြစ်နေချိန်မှာ ဗြိတိန်အစိုးရဟာ Huawei ကွန်ရက်ပစ္စည်းတွေထဲမှာ လုံခြုံရေးအရ သိသာထင်ရှားတဲ့ ချို့ယွင်းချက်တွေ ရှိနေတယ်လို့အစီရင်ခံစာတစ်စောင်နဲ့ဖော်ပြလိုက်ပါတယ်။ New York Times မှာ ဖော်ပြချက်အရ 5G ကွန်ရက်ချိတ်ဆက်မှုအတွက် သုံးမယ့် Huawei ရဲ့ တယ်လီကွန်းပစ္စည်းတွေကို လေ့လာစစ်ဆေးရာမှာ သိသာတဲ့ လုံခြုံရေးပြဿနာတစ်ချို့တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။



Photo: Google News

         ယူကေမှ Huawei ဆိုက်ဘာလုံခြုံရေး စင်တာ အကဲဖြတ်ကြီးကြပ်ရေအဖွဲ့HCSEC မှ ရေးသားတဲ့ ဒီအစီရင်ခံစာမှာပဲ Huawei ရဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာပိုင်းနဲ့လုံခြုံရေးပိုင်းမှာ သိသာထင်ရှားပြီး အစီအစဉ်တကျဖြစ်တဲ့ ချို့ယွင်းချက်တွေ တွေ့ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒီအစီရင်ခံဟာ Huawei ထုတ်ကုန်တွေကို သုံးနေတဲ့ ဗြိတိန်တယ်လီကွန်းကွန်ရက်တွေကို စိစစ်သုံးသပ်ရာကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။

         ဒီအစီရင်ခံစာမှာ Huawei ဟာ လုံခြုံရေးအရ ငြိစွန်းနိုင်တဲ့ ဆော့ဖ်ဝဲလ်ကုဒ်အပိုင်းတွေကို ပြန်ပွားလို့မရနိုင်တာကြောင့် ယူကေအာဏာပိုင်တွေအနေနဲ့နိုင်ငံရဲ့ ကြိုးမဲ့ကွန်ရက်တွေမှာ တွေ့ရတဲ့ ကုဒ်ကို အတည်ပြု စစ်ဆေး verify လို့မရနိုင်ဘူးလို့ဖော်ပြထားပါတယ်။ နောက်တစ်ချက်ကလည်း Huawei ဟာ အင်ဂျင်နီယာပိုင်း လုပ်ဆောင်မှု အားနည်းပြီး ဒီအင်ဂျင်နီယာပိုင်း ချို့ယွင်းချက်တွေကြောင့် တစ်ချိန်ချိန်မှာ ဆိုက်ဘာတိုက်ခိုက်ခံရမယ့် ပြဿနာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

         "တကယ်လို့ဟက်ကာတစ်ယောက်သာ ဒီချို့ယွင်းချက်တွေကို သိပြီး ဖောက်ထွင်းဖို့လုံလောက်တဲ့ access ရမယ်ဆိုရင် ကွန်ရက်လုပ်ဆောင်ချက်တွေကို ထိခိုက်အောင် လုပ်နိုင်ဖွယ်ရှိပါတယ်။ ကွန်ရက်ပစ္စည်းတွေကို ပြန်ပြီးလိုသလိုစဉ်တာ recofiguration လုပ်တာတို့၊ user traffic တွေထဲ ဝင်ရောက်တာတို့ပါ လုပ်ဆောင်နိုင်ပါမယ်" လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

         

Photo: scmp


         Huawei ရဲ့ 5G တယ်လီကွန်းပစ္စည်းတွေဟာ လုံခြုံရေးအန္တရာယ်ဖြစ်နိုင်တယ်လို့အစီရင်ခံစာမှာ ရှင်းပြထားပေမယ့် ဒီအချက်ကြောင့် Huawei ကို နိုင်ငံရဲ့ အဓိက တယ်လီကွန်း provider အဖြစ်ကနေ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါတင်မဟုတ်ဘဲ Huawei ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံအတွင်း ပိတ်ပင်တာမျိုးတွေ လုပ်ဖို့အတိအလင်းတောင်းဆိုတာမျိုးတောင် ဒီအစီရင်ခံစာမှာ တောင်းဆိုထားတာမျိုး မရှိပါဘူး။

         ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက 5G ကွန်ရက်အတွက် Huawei ကို ပိတ်ပင်မယ်ဆိုရင် ပိုပြီး အကုန်အကျများသလို ကြန့်ကြာနှောင့်နှေးမှုတွေပဲ ဖြစ်လာမယ်လို့အစီရင်ခံစာက အဆိုပြုထားတာပါ။ HCSEC ဟာ အရင်နှစ်ကတည်းက Huawei တယ်လီကွန်းထုတ်ကုန်နဲ့ထုတ်လုပ်မှု ဖြစ်စဉ်တွေမှာ လုံခြုံရေးချို့ယွင်းချက်တစ်ချို့ရှိထားတာကို တွေ့ရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က