စမတ်ဖုန်းသစ် ထုတ်ဖို့မလွယ်တော့တဲ့ အခြေအနေနဲ့Huaweiရင်ဆိုင်နေရ

စီးပွားရေးပိတ်ဆို့မှူဖိအားများနဲ့ဆက်တိုက်ကြုံတွေ့နေတဲ့ Huawei အတွက် အဆိုးတကာ့အဆိုးဆုံး သတင်းတစ်ခုကတော့ CPU နဲ့Graphic ချပ်စ်ဒီဇိုင်းရေးဆွဲတဲ့ ARM မှ Huawei နဲ့စီးပွားရေးလုပ်ဆောင်မှူအားလုံးကို ရုပ်သိမ်းလိုက်တဲ့ သတင်းပါပဲ။

        ဂျပန်မှ SoftBank Group က ပိုင်ဆိုင်ပြီး ယူကေမှာ အခြေစိုက်တဲ့ ARM ဟာ Huawei နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ စီးပွားရေးသဘောတူညီမှူတွေကို ထူးထူးခြားခြား ရပ်ဆိုင်းလိုက်တာပါ။ လက်ရှိမှာ အမေရိကန်အစိုးရဟာ တရုတ်တယ်လီကွန်းကုမ္ဗဏီ Huawei နဲ့စီးပွားရေးလုပ်နေတဲ့ US ကုမ္ဗဏီတိုင်းကို တားမြစ်ထားချိန်မှာ ARM ဘက်မှ အခုလို သတင်းထွက်လာခဲ့တာ ဖြစ်ပါတယ်။



Photo: Pocket-Lint

        BBC News သတင်းမှာ အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ဆို့မှူကြောင့် ARM ဝန်ထမ်းတွေကို Huaweiနဲ့ချုပ်ဆိုထားတဲ့ ကန်ထရိုက်အားလုံး ရပ်တန့်ထားကြောင်း ညွှန်ကြားထားတယ်လို့ဖော်ပြထားပါတယ်။ ကုမ္ဗဏီရဲ့ မှတ်ချက်မှာ ARM ထုတ် ချပ်စ်ဒီဇိုင်းတွေဟာ အမေရိကန်မူရင်းနည်းပညာပါဝင်တာကြောင့်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှူနဲ့ငြိစွန်းနိုင်တဲ့ သဘောဖြစ်ပါတယ်။

        ARMဟာ ကမ္ဘာ့ပေါ်က mobile ထုတ်ကုန်အများစုရဲ့ processor ဒီဇိုင်းထုတ်ပေးနေတဲ့ ကုမ္ဗဏီဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲက မိုဘိုင်းထုတ်ကုန်တွေမှာ သုံးနေတဲ့ ချပ်စ်ဒီဇိုင်းတွေဟာ ARM ကို လိုင်စင်ပေးပြီး သူ့ရဲ့ နည်းပညာပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဂျပန်ရင်းနှီးမြှပ်နှံမှူဘဏ်ဖြစ်တဲ့ SoftBank Group ကနေ ARMကို လွဲှပြောင်း ရယူပြီးနောက် ကမ်းဘရစ်မှာ ရုံးချုပ်တည်ထားတဲ့ ဒီလုပ်ငန်းစုဟာ ယူကေရဲ့ အကြီးဆုံး နည်းပညာလုပ်ငန်းစု ဖြစ်လာခဲ့ပြီး ဝန်ထမ်း ၆၀၀၀ နဲ့အမေရိကန်မှာ ရုံးခွဲ ၈ ရုံး စိုက်ထားပါတယ်။

        အမေရိကန်မှာ ARM ရဲ့ တစ်ချို့processor ဒီဇိုင်းတွေကို သြစတင် ၊ တက္ကဆက်နဲ့ဆန်ဟိုဆေးတို့မှာ ထုတ်လုပ်တာကြောင့်လည်း အမေရိကန်အစိုးရရဲ့ ကန့်သတ်ပိတ်ပင်မှူနဲ့အကျုံးဝင်နေပါတယ။် Huawei ဟာလည်း ကိုယ်ပိုင် Kirin processor တွေ ထုတ်နေတယ်ဆိုပေမယ့် ARM ရဲ့ chip architecuture ဒီဇိုင်းတွေပေါ် အားကိုးနေရတာပါ။ သူလည်း ARMကို လိုင်စင်ပေးဝယ်သုံးနေရတာ ဖြစ်လို့လိုင်စင်မရှိတော့ရင် Huawei ဟာ ကိုယ်ပိုင် processor တွေ HiSilicon chipsတွေ ထုတ်လုပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး။

Photo: ZDNet

        Huaweiအနေနဲ့အမေရိကန်အစိုးရနဲ့ဆက်ဆံရေးတင်းမာနေချိန်မှာ အမေရိကန် supply chain တွေဆီကနေ ပစ္စည်းအစိတ်အပိုင်းတွေကို အကြီးအကျယ် မှာယူခဲ့တယ်လို့ဆိုပါတယ်။ ဒီဝယ်ထားတဲ့ ပစ္စည်းတွေဟာ အနည်းဆုံး ၃ လကနေ ၁ နှစ်အထိ လုပ်ငန်းအခြေမပြတ်ဖို့အကြောင်းရှိပေမယ့် အမေရိကန်အစိုးရရဲ့ လိုင်စင်ခွင့်ပြုချက်မရရင် အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ Huawei အနေနဲ့ပစ္စည်းပြတ်လပ်မှူတွေ ကြုံလာမှာ မလွဲပါဘူး။

        လက်ရှိမှာ Huawei ဟာ အမေရိကန်အခြေစိုက် စက်မှူကုမ္ဗဏီကြီးတွေ ဖြစ်တဲ့ Micron ၊ Skyworks နဲ့Qorvo တို့ဆီကနေ Huawei ဖုန်းတွေအတွက် လိုအပ်တဲ့ storageနဲ့ကွန်ရက်ပိုင်း ပစ္စည်းအစိတ်အပိုင်းတွေ ဝယ်နေရတာပါ။ တကယ်လို့Huawei အနေနဲ့ဒီဖုန်းပစ္စည်းအစိတ်အပိုင်းတွေအတွက် ကိုယ်တိုင်ထုတ်နိုင်တယ်ဆိုရင်တောင် ARM ရဲ့ chip architecture ဒီဇိုင်းနဲ့နည်းပညာညွှန်ကြားမှူတွေ မရတော့ဘူးဆိုရင် နောက်ထပ် စမတ်ဖုန်းတစ်လုံးထုတ်ဖို့တောင် မဖြစ်နိုင်တော့တဲ့အခြေအနေပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က