cash back အစီအစဉ်တွေနဲ့ကျင်းပသွားမှာပါ

Huawei Day နာမည်နဲ့Huawei ဖုန်းနဲ့တက်ဘလက်ဝယ်သူတွေကို ငွေကျပ် ၄ သောင်းအထိ Cash Back ပြန်ပေးမယ့် အစီအစဉ်တစ်ခုကို လာမယ့် သြဂုတ်လ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပသွားမယ်လို့ဆိုပါတယ်။

Huawei Day အတွင်းမှာ Cash Back ရမယ့် ဖုန်းတွေကတော့ Huawei Nova 3i ၊ Huawei Y9 2019 ၊ Huawei Y7 Pro 2019 (32GB version) ၊ Huawei Y6 Pro 2019 ၊ Huawei Y5 2019 ၊ Huawei MediaPad T3 10 ၊ MediaPad T3 8 နဲ့T3 7 တို့ဖြစ်ပြီး Huawei Nova 3i နဲ့Huawei Y9 2019 ဝယ်သူတွေကို ငွေကျပ် ၄၀၀၀၀ အထိ Cash Back ပြန်ပေးသွားမှာပါ။



Photo: Huawei Myanmar

Huawei Y7 Pro 2019 (32GB Version) ၊ Y6 Pro 2019 နဲ့Y5 2019 ဝယ်သူတွေကတော့ ငွေကျပ် ၃၀၀၀၀ ၊ ၁၅၀၀၀ နဲ့၆၀၀၀ ကျပ်စီ Cash Back ရမှာပါ။ Huawei Day မှာ တက်ဘလက်ထဲမှ Huawei MediaPad T3 10 ဝယ်သူတွေကို ငွေကျပ် ၁၆၀၀၀ နဲ့MediaPad T3 8 နဲ့T3 7 ဝယ်သူတွေကို ငွေကျပ် ၁၀၀၀၀ စီ Cash Back ပေးသွားမယ်လို့ဆိုပါတယ်။

Huawei Day ၁၀ ရက်တာအတွင်း စမတ်ဖုန်းဝယ်သူတွေဟာ Cash Back အစီအစဉ်အပြင် Huawei Watch GT စမတ်နာရီ ၁၄ လုံး ၊ Water Cooler ၂၄ လုံးနဲ့Red Cooking Pot အလုံး ၄၀ လည်း ကံစမ်းနိုင်မယ်လို့သိရပါတယ်။ ကံစမ်းမဲ အစီအစဉ်နဲ့အတူ Huawei ဖုန်း ဝယ်သူတွေအတွက် Huawei Free Buds Lite ၊ Bluetooth Speaker နဲ့Huawei အိတ်များ လက်ဆောင်ပေးသွားမှာ ဖြစ်ပြီး ငွေကျပ် ၂ သိန်း နဲ့အထက် ဝယ်သူတွေကိုတော့ ဒီလက်ဆောင်တွေအပြင် PowerBank တစ်လုံးပါ ထပ်ဆောင်းပေးသွားမယ်လို့ဆိုပါတယ်။

Huawei Day အစီအစဉ်ဟာ လစဉ် ပြုလုပ်နေကျ အထူးအစီအစဉ်တစ်ခု ဖြစ်ပြီး သြဂုတ်လ ၁ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပသွားမယ့် Huawei Day မှာ Cash Back ပေးတဲ့ အစီအစဉ်သစ် ထည့်သွင်းလာတာလည်း ဖြစ်ပါတယ်။

ယခု သတင်းဆောင်းပါးအား Huawei မှ ကူညီပံ့ပိုးပေးထားပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က