ဖိအားတွေကြားမှာ ပိုပြီး တိုးတက်လာတာပါ

နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှုတွေ ၊ ပြဿနာတွေတက်ထားပေမယ့် ၂၀၁၈ ဟာ Huawei အတွက် ရလဒ်ကောင်းတွေ ယူဆောင်လာမယ့် နှစ်တစ်နှစ် ဖြစ်ဖို့ရှိပါတယ်။


 Photo: gizchina  

   ပြီးခဲ့တဲ့နှစ်နှစ်အတွင်း Huawei ရဲ့ စီးပွားရေးဟာ အမြင့်ဆုံးအဟုန်နဲ့တက်လာခဲ့ပြီး ဒီနှစ်ထဲမှာလည်း ဝင်ငွေဒေါ်လာ ၁၀၈ ဘီလျံအထိဝင်မယ်လို့ကုမ္ပဏီရဲ့ chairman တစ်ဦး ဖြစ်တဲ့ Guo Ping က ဆိုပါတယ်။ ဒီပမာဏဟာ အရင်နှစ်ကထက် ၂၁% ပိုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။

         ဒီနှစ်ထဲမှာ Huawei ဟာ 5G သဘောတူညီမှုပေါင်း ၂၆ ခု ရထားသလို စမတ်ဖုန်းရောင်းအားမှာလည်း သန်း ၂၀၀ ကျော်နဲ့စံချိန်သစ် တင်ခဲ့တာပါ။ Huawei ဟာ ဒီဇင်ဘာလဆန်းပိုင်းကတည်းက ကုမ္ပဏီရဲ့ ဝင်ငွေဟာ ပထမဆုံးအကြိမ် ဘီလျံ ၁၀၀ ကျော်ဖို့မျှော်မှန်းခဲ့တာ ဖြစ်ပါတယ်။

         ကမ္ဘာပေါ်မှာ အကြီးဆုံး 5G တယ်လီကွန်း provider ဖြစ်သလို ဒုတိယအကြီး စမတ်ဖုန်းကုမ္ပဏီလည်း ဖြစ်တဲ့ Huawei ဟာ cloud ဝန်ဆောင်မှုနဲ့ပါတနာပေါင်း ၁၄၀ ကျော် ရှိထားတယ်လို့ဆိုပါတယ်။ တစ်ဘက်မှာလည်း ၂၀၁၈ ဟဟာ Huawei အတွက် ပြဿနာမျိုးစုံ တက်ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။

         အမေရိကန်အစိုးရရဲ့ လုံခြုံုရေးစိုးရိမ်ချက်နဲ့အတူ Huawei ဟာ အမေရိကန်ဈေးကွက်မှာ ဝင်ခွင့်မရခဲ့သလို အီရန်နဲ့ဆက်သွယ်ပြီး စီးပွားရေး လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့Huawei ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ဇောင်လည်း ကနေဒါမှာ အဖမ်းခံထားရပါတယ်။

         နောက်ဆုံးရသတင်းများအရ အမေရိကန်အစိုးရဟာ Huawei နဲ့ZTE တို့ရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ပိတ်ပင်မယ့် တရားဝင် အမိန့်တစ်ရပ်ကို လက်မှတ်ထိုးအတည်ပြုဖို့အဆင်သင့်ဖြစ်နေပြီလို့သိရပါတယ်။

Share

Loading Next Article...
က္က