ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲတစ်ပွဲသာ စွမ်းဆောင်ထားနိုင်သေးပြီး အဆိုပါ နိုင်ပွဲကတော့ ယူရိုပါလိဂ်မှာ ဗစ်တိုးရီးယားကို နိုင်ထားခဲ့တာပါ။

ဝုလ်ကို နိုင်နေပြီးမှ သရေရလဒ်ထွက်ပေါ်ပြီး အမှတ်ခွဲပေးလိုက်ရတဲ့အပေါ် စိတ်ပျက်ပြီး ရလဒ်က မကျေနပ်စရာ ပဲလို့ အာဆင်နယ် နည်းပြ အမ်မရီက ပွဲအပြီးမှာ မီဒီယာကို ပြောသွားတယ်လို့ Sportskeeda သတင်းဌာနက ဖော်ပြလာပါတယ်။



ပွဲပြီးဖို့ ၁၄ မိနစ်လောက်အလိုကျမှ ရာအူးလ် ဂျီမီနက်ဇ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာနဲ့ အညီ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ဗစ်တိုးရီးယားနဲ့ ကစားတဲ့ တစ်ပွဲသာ နိုင်ထားပါတော့တယ်။



တိုက်စစ်မှူး အူဘာမီယန်းရဲ့ အာဆင်နယ်အတွက် ဂိုး ၅၀ မြောက်သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း အခုလို ချေပဂိုးပြန်ပေးလိုက်ရပြီး သရေကျခဲ့တာက ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာလည်း ၂ ဂိုးပြတ်ဦးဆောင်နေပြီးမှ သရေပြန် လည် ကျခဲ့ရသလိုပါ။

“ တကယ်ကို စိတ်ပျက်စရာပါပဲ။ ကစားသမားတွေ ပထမဆုံး ဂိုးရဖို့ ကြိုးစားခဲ့ကြတာ သိပါတယ်။ ဒါပေမယ့် တစ်ဂိုးထက်ပိုရမှပဲ စိတ်ချနိုင်မယ့်အခြေအနေမှာတော့ ထပ်မရခဲ့တာပါ။ ဝုလ်ကတော့ သူတို့ရဲ့ပုံစံအတိုင်းပဲ ကစား သွားတာပါပဲ၊အခု သရေရလဒ်က နှစ်သင်းစလုံးအတွက် မျှတပါတယ်။ဒါပေမယ့် ကျွန်တော်တို့ နိုင်ခဲ့သင့်ပါတယ်။” လို့ အမ်မရီက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

အာဆင်နယ်ကိုသရေကစားလိုက်နိုင်လို့ ဝုလ်အတွက်တော့ လိဂ် ၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့ပေမယ့် နည်းပြ နူနိုကတော့ သူ့အသင်းဟာ နောက်ဆုံးဇုန်ထဲမှာ ဂိုးရဖို့ ပိုရုန်းကန်နေရတယ်လို့သုံးသပ်ခဲ့ပါတယ်။

“ ပထမပိုင်း ၁၅ မိနစ်အစမှာ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပါတယ်။ သူတို့ကို တစ်ခုခုတော့ လုပ်ပြနိုင်ခဲ့သင့်ပါ တယ်၊ရလဒ်အတွက်တော့ စိတ်မပျက်ပါဘူး၊” လို့ နူနိုကလည်း ပြေသွားပါတယ်။

အာဆင်နယ်အသင်းကတော့ အခုလို အနိုင်ကနေ သရေကျသွားလို့ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေ တယ်ဆိုပေမယ့် ဒီကနေ့ညမှာ ကစားမယ့် လက်စတာနဲ့ ပဲလေ့စ်ပွဲစဥ်ကို စောင့်ကြည့်ရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က