က္ကုတ္ထိယရုပ်ရှင်ဇာတ်ကားကြီးအကြောင်းပြောပြလာပါတယ်။

ဟာသကို ပိုင်နိုင်ကြတဲ့ မင်းသမီးတွေပါဝင်ထားကြတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေ အားပေးရကျိုးနပ်မယ်လို့ ခိုင်သင်းကြည် က ပြောပါတယ်။ သရုပ်ဆောင်အားအရမ်းကောင်းတဲ့ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဖွေးဖွေးတို့နဲ့အတူ အလင်းရောင်ပါဝင်ထားတဲ့ က္ကုတ္ထိယ ရုပ်ရှင်ကားကြီးကို သြဂုတ်လ ၁၀ ရက်နေ့မှာရုံတင်ပြသသွားမှာပါတဲ့။

Photo:က္ကုတ္ထိယ Page

 

သြဂုတ်လ ၂ ရက်နေ့ညက Junction City က JCGV ရုပ်ရှင်ရုံမှာ က္ကုတ္ထိယရုပ်ရှင်အထူးပြသပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအထူးပြသပွဲကို တက် ရောက်လာတဲ့ သရုပ်ဆောင်အကယ်ဒမီခိုင်သင်းကြည်က ဟာသကို ပိုင်နိုင်ကြတဲ့ မင်းသမီး ၃ ယောက်စလုံးပါဝင်ကြတာ ဖြစ်လို့ ပရိသတ်တွေ အားပေးရကျိုးနပ်မယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ပါဝင်ကြတဲ့ မင်းသမီးတွေကလည်း ဟာသကိုပိုင်နိုင်ကြတဲ့ မင်းသမီးတွေဖြစ်တယ်၊ ပြီးတော့ ဇာတ်နဲ့လည်း လိုက်ဖက်ကြတဲ့ မင်းသမီးတွေ လို့တော့ မခိုင်ထင်တယ်။ ဒီဇာတ်ကားကို လာကြည့်တဲ့ ပရိသတ်အတွက်လည်း တန်မှာပါ၊ ကျေနပ်မှုလည်းရှိမှာပါ။ က္ကုတ္ထိယ ဆိုတဲ့ အတိုင်းပဲ ဇာတ်ကားထဲက ယွန်းရွှေရည်တို့လိုမျိုးကလေးတွေလည်း အများကြီး ရှိတယ်'' လို့ ဆိုပါတယ်။

Photo:က္ကုတ္ထိယ Page

 

ှက္ကုတ္ထိယရုပ်ရှင်ဇာတ်ကားထဲမှာတော့ မင်းသားတစ်ယောက်တည်းဖြစ်ပါဝင်ပြီး နာမည်ကျော် မင်းသမီး ၃ ဦးပါဝင်ထားတဲ့ ဇာတ်ကား ဖြစ်ပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ ဖွေးဖွေးတို့ရဲ့ ပထမဆုံးအတူတွဲရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တယ်လို့ သြဂုတ်လ ၂ ရက်နေ့ညက က္ကုတ္ထိယရုပ်ရှင်အထူးပြသပွဲက မီဒီယာတွေကို ခိုင်သင်းကြည်က ပြောပြခဲ့ပါတယ်။

'' ဇာတ်ကားထဲမှာတော့ ဖိုက်ကြတဲ့ အခန်းတွေဆိုရင်လည်း ရယ်နေရတယ်။ ဟုတ်တာရော၊ မဟုတ်တာရော အကုန်လုပ်တယ်။ အစ်မတို့ သုံး ယောက်စလုံးကတော့ မြှောက်ပေးရင် အကုန်လုပ်မယ့် သဘောမှာရှိတယ်။ အတွဲလည်းညီတယ်၊ စိတ်တွေလည်း တူကြတယ်။ ဒီဇာတ်ကား ရိုက်နေရင်းနဲ့ အမှတ်တရတွေလည်း အများကြီးရှိခဲ့တယ်'' လို့ သူကဆိုပါတယ်။

ဝေဖန်ခံနေရတဲ့ ကာရိုက်တာအကြောင်းပြောလာတဲ့ ခိုင်သင်းကြည် 

သရုပ်ဆောင်အားအရမ်းကောင်းတဲ့ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ဖွေးဖွေးတို့နဲ့ အတူ မင်းသားတစ်ယောက်တည်းအဖြစ်ပါဝင်သရုပ်ဆောင် ထားတဲ့ အလင်းရောင်ရဲ့ သရုပ်ဆောင်မှုတွေ အပေါ်ခိုင်သင်းကြည်က ချီးကျူးစကားဆိုခဲ့ပါသေးတယ်။

'' အလင်းရောင်ကလည်း ကောင်းပါတယ်။ သူလည်း မင်းသားတစ်ယောက်တည်းဆိုပေမယ့် တော်ပါတယ်။ မင်းသမီးတွေ အကုန်လုံးကလည်း သူ့ကိုဝိုင်းကြိုက်ကြတယ်ဆိုတော့ သူပျော်တယ်ထင်ပါတယ်။ ဒီဇာတ်ကားကို ရိုက်ဖြစ်တာကလည်း မကြီးစိုး ကြောင့်ပေါ့နော်။ သူက အဓိက Main ပေါ့၊ သူအကြံပေးရင်လည်း အကုန်လုံးက ထောက်ခံကြတယ်'' လို့ ဆိုပါတယ်။

Photo:က္ကုတ္ထိယ Page

 

က္ကုတ္ထိယရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၁၀ ရက်နေ့က စပြီးမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) က ရိုက်ကူးပုံဖော်တာဖြစ်ပြီး သရုပ်ဆောင် အလင်းရောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်နဲ့ ဖွေးဖွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က