နူးညက်ဇ်နဲ့ ဂျက်ဆင်ထက်တော့ ပိုကောင်းတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က အသင်းရဲ့ တိုက်စစ်မှူး ဟွိုက်လန်းက ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးတိုက်စစ်မှူးတွေဖြစ်တဲ့ ဟာလန်း၊ အဂွေရိုတို့လို ဖြစ်လာမှာ မဟုတ်ဘဲ ဗီလာတိုက်စစ်မှူး ဝက်ကင်စ်လိုတော့ ဖြစ်လာမယ်လို့ သုံးသပ်လိုက်ပါတယ်။ ဟွိုက်လန်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ ယူနိုက်တက်ကို ရောက်လာခဲ့တာပါ။



သူ့အတွက် ယူနိုက်တက်တို့ အတ္တလန်တာကို ပြောင်းရွှေ့ကြေး ပေါင် (၇၂) သန်း ပေးချေခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးကတော့ ပရိသတ်တွေ ကျေနပ်ရလောက်တဲ့အထိ ခြေစွမ်းမပြသနိုင်သေးပါဘူး။

အဲ့ဒါကြောင့်လည်း နဗီးလ်က “ကျွန်တော့်အမြင်မှာ ဒီကလေးက ထပ်ပြီး ပေါင်းစပ်ဖို့ လိုအပ်တာတွေ ရှိပါသေးတယ်။ ကျွန်တော်အရင်ကလည်း ဝက်ကင်စ်ကို ဒါမျိုး မြင်ခဲ့တာပါ။ ဟွိုက်လန်းက ဟာလန်း ဒါမှမဟုတ် အဂွေရိုတို့လိုမျိုး ပရီးမီးယားလိဂ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်လာမယ်လို့ ကျွန်တော် မထင်ပါဘူး”

“ဒါပေမယ့် ဟွိုက်လန်းက ဝက်ကင်စ်လိုတော့ ဖြစ်လာမှာပါ။ သူ ဂိုး (၂၀) လောက်တော့ သွင်းနိုင်ပါလိမ့်မယ်။ နောက်ပြီး ဟွိုက်လန်းက ဒါဝင်နူးညက်ဇ်လောက်၊ နီကိုးလပ်စ်ဂျက်ဆင်လောက်တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့အသင်းတွေမှာက စီမံကိန်းနဲ့ပါ”

“ခင်ဗျား ယူနိုက်တက်ကိုကြည့်လိုက်ရင် တိုက်စစ်မှူးတစ်ယောက်တည်း ရှိပါတယ်။ မာရှယ်လ်ကို မေ့လိုက်ပါ။ သူအသင်းမှာ မရှိတော့တာ နှစ်အတော်ကြာပါပြီ။ ဒါပေမယ့် အခွင့်အရေးအသုံးချမှုကို ရာခိုင်နှုန်းချကြည့်ရင် ဟွိုက်လန်းက ဂျက်ဆင်နဲ့ နူးညက်ဇ်တို့ထက် သာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က