၆ လအတွင်း ပထမဆုံးအကြိမ်ပြန်ကစားနိုင်မှာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ တံကောက်ကြောဒဏ်ရာကြောင့် နှစ်သစ်ကူးကာလအတွင်းကတည်းက အနားယူနေခဲ့ရပြီး ဒီပွဲစဉ်ဟာ သူ့အတွက်တော့ ခြောက်လအတွင်း ပထမဆုံးပြန်လည်ကစားရမယ့်ပွဲလည်းဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ဒီနေ့ပွဲစဉ်မှာ တိုက်စစ်မှူးဟယ်ရီကိန်း ပွဲထွက်ပါဝင်လာမယ်လို့ စပါးနည်းပြမော်ရင်ဟိုက အတည်ပြုသွားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ တံကောက်ကြောဒဏ်ရာကြောင့် နှစ်သစ်ကူးကာလအတွင်းကတည်းက အနားယူနေခဲ့ရပြီး ဒီပွဲစဉ်ဟာ သူ့အတွက်တော့ ခြောက်လအတွင်း ပထမဆုံးပြန်လည်ကစားရမယ့်ပွဲလည်းဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် ဒဏ်ရာကနေပြန်လည်သက်သာလာခဲ့ပြီး နော်ဝှစ်ချ်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။ မော်ရင်ဟိုအတွက် ဟယ်ရီကိန်း ပြန်လည်ပြီး ကစားနိုင်တာက အားတက်စရာဖြစ်ခဲ့ရပြီး ဆွန်ဟောင်မင်၊ အန်ဒွန်ဘီလီတို့လည်း ပါဝင်နိုင်မယ်လို့ သိရပါတယ်။ 

"သူက အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်၊ သူ ပွဲထွက်ကစားဖို့အတွက် ဘယ်လိုပြသနာမှမရှိဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်၊ သူ မိနစ် ၉၀ ကစားနိုင်မလား၊ ၈၀၊ ၇၀၊ ၆၀ လားဆိုတာတော့ ကျွန်တော်မပြောနိုင်ပါဘူး၊ ပွဲအခြေအနေကသာ ဒါကို ပြောနိုင်ပါလိမ့်မယ်၊ သူရဲ့ အကောင်းဆုံးပုံစံကို ရနေပြီလားဆိုတာကိုလည်း ကျွန်တော်မပြောနိုင်ပါဘူး"

"ဒါက လေ့ကျင့်ရေးနည်းနည်းပဲလုပ်တာမျိုးမဟုတ်ပါဘူး၊ သူ ခြောက်လလောက်ပွဲမကစားခဲ့ရပါဘူး၊ ဒါပေမယ့် သူ အကောင်းဆုံးလုပ်နေနိုင်ပြီး အံ့အားသင့်ဖို့ကောင်းတဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးပါပဲ၊ သူ ယူနိုက်တက်နဲ့ပွဲကို ပွဲထွက်ကစားပါလိမ့်မယ်" လို့ မော်ရင်ဟိုက ပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ 

စပါးကတော့ လက်ရှိမှာ အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ယူနိုက်တက်နဲ့ ၄ မှတ်ကွာဟနေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်ရှိနေသေးတာဖြစ်ပြီး တကယ်လို့ အဆင့်ငါးနေရာရရှိခဲ့ရင်တောင် မန်စီးတီးအသင်း အရေးယူခံခဲ့ရမယ်ဆိုရင် ဝင်ရောက်ကစားခွင့်ရဖို့ မျှော်လင့်နိုင်ဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က