သူမရင်ထဲက ခံစားချက်ကို ပြောပြလာပါတယ်။

မေကဗျာကတော့ မွေးလအစမှာ သူမအတွက် ကံကောင်းခြင်းတွေ ရောက်လာလို့ ပျော်ရွှင်နေတယ်လို့ဆိုပါတယ်။ 

Photo: May Kabyar



မေကဗျာကတော့ ဧပြီလအစမှာ ကံကောင်းခြင်းတွေ ရောက်လာလို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမရဲ့ မွေးလ အစလေးမှာ ထီ ၅ သောင်းဆု ပေါက်ခဲ့တယ်လို့ သိရပါတယ်။ 

"ညက အိမ်မက်မက်လို့ မနက်ကနဂါးစာကျွေးနို့ဆွမ်းကပ်ပြီးသကာလ။ April မွေးလလေးမှာကံကောင်းခြင်းနဲ့စတင်ပါပြီ" ဆိုပြီးတော့ ဧပြီလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ မေကဗျာဟာ "ည ၆၉" နံပါတ်နဲ့ ၁၄ ကြိမ်မြောက် အောင်ဘာလေ သိန်း ၁၅၀၀၀ ထီမှာ ငွေကျပ် ၅ သောင်းဆု ပေါက်ခဲ့တာဖြစ်ပါတယ်။ 

Photo: May Kabyar

မေကဗျာဟာ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ခဏနားထားတာကြောင့် ဘုရား၊ တရား အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ သူမဟာ အခုချိန်မှာ တစ်ဦးတည်းသော သမီးလေးကို စောင့်ရှောက်နေသူဖြစ်ပါတယ်။သမီးလေးကလည်း အရမ်းကို လိမ္မာသိတတ်သူဖြစ်ပြီး သူမရဲ့ လုပ်ငန်းခွင်မှာလည်း အရမ်းကို အားကိုးနေရပြီလို့ သိရပါတယ်။ 

Photo: May Kabyar

မေကဗျာကတော့ အနုပညာလောကထဲကို အက ကသူအဖြစ် စတင်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မကြာသေးခင်ကလည်း Dancing with the star ဆိုတဲ့ အကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ 

‘’အစ်မရဲ့ အဓိက ဝါသနာက အကပါ။ သရုပ်ဆောင်တာတောင်မှ အကလောက် ဝါသနာမပါဘူး။ မူကြိုတုန်းကလည်း အငြိမ့်အဖွဲ့လေးမှာ ကဖူးတယ်။ ၁၃ နှစ်သမီးလောက်တုန်းကလည်း မတင်မိုးလွင်ဆီမှာ အကအဖွဲ့လေး ဖွဲ့ပြီးတော့ ကဖူးတယ်။ မထက်ထက်ဝင်းတို့နဲ့ Baby G ဆိုတဲ့ အဖွဲ့ဖွဲ့ပြီးတော့ ကဖူးတယ်။ အဲဒါကြောင့်မို့လို့ အခု အသက် ၃၀ ကျော်မှ ပြန်ကတာပါ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: May Kabyar

မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က