ဘင်္ဂလာရု လေဆိပ်ကိုဦးတည်ပျံသန်းဖို့ ုစီစဉ်ထားတာဖြစ်ပါတယ်။

ခရီးသည် ၁၂၉ဦးတင်ဆောင်လာတဲ့ အိန္ဒိယလေလေကြောင်းလိုင်း IndiGo လေယာဉ်တစ်စင်းဟာ ဘန်ကောက်ကို ပြေးဆွဲနေတဲ့ ခရီးစဉ်အတွင်း ရန်ကုန်လေဆိပ်မှာ ရုတ်တရတ် အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ Times of India သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Indigo လေကြောင်းလိုင်း( ဓါတ်ပုံ- indigo )



Indigo 6E 075 လေယာဉ်ဟာ လေယာဉ်ဆီဖိအား သတိပေးချက်ကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ဘင်္ဂလာရု လေဆိပ်ကိုဦးတည်ပျံသန်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိလေဆိပ်မှာ ရပ်နားဖို့ စီစဉ်ထားခဲ့ပေမဲ့ လေယာဉ်မှုးရဲ့ ညွှန်ကြားချက်ကြောင့် ရန်ကုန်လေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။

အဆိုပါ လေယာဉ်ပေါ်မှာ လေယာဉ်ဝန်ထမ်းခြောက်ဦးနဲ့ ခရီးသည် ၁၂၉ ဦကို လိုက်ပါလာခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး လေကြောင်းလိုင်းက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ ခရီးသည်တွေကို နေထိုင်စရာ ထောက်ပံ့ပေးမှာဖြစ်ကြောင်းနဲ့ ချို့ယွင်းခဲ့တဲ့အင်ဂျင်ကို ပြန်လည်ပြင်ဆင်ပြီး လိုအပ်သလို ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။ 

ခရီးသည်တွေကတော့ လေယာဉ်နဲ့ပတ်သတ်ပြီး မကျေနပ်ချက်တွေကို ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြပြီး လေကြောင်းလိုင်းက အခြား လေယာဉ်တစ်စီးနဲ့ အစားထိုးပြေးဆွဲပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က