မိသားစုနဲ့ အတူ ခရီးထွက်နေတာဖြစ်ပါတယ်။

အလှူအတန်းတွေ လုပ်နေရရင် ပျော်ရွှင်နေတတ်တဲ့ စိုးပြည့်သဇင်က အခုလည်း ခရီးသွားရင်းနဲ့ အလှူပြုခွင့်ရတဲ့ ပီတိတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

Photo: စိုးပြည့်သဇင်



ပရိသတ်အချစ်တော်မလေး စိုးပြည့်သဇင်ဟာ အလှူအတန်း နဲ့ ပတ်သက်လာရင် အမြဲတမ်း တက်ကြွနေတတ်သူ တစ်ဦးဖြစ်ပါတယ်။ အခုလည်း မိသားစု အတူတူ ခရီးသွားရင်း နဲ့ လမ်းတစ်ဝက်မှာ အနားယူရင်း အလှူပြုခဲ့ရတဲ့ ပီတိလေးကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

‘’စိုးပြည့်တို့မိသားစုက ခရီးသွားရင်ချက်ပြုတ်၊ ထမင်းချိုင့်ထည့်စားတာများတယ်။ ပြီးရင်အရိပ် ကောင်းတဲ့နေရာအောက်မှာ မိသားစုထမင်းဝိုင်းလေးဖွဲ့ပြီးစားရတာပိုသဘောကျတယ်။ အမြန်လမ်း အနီးအနားကခွေးလေးတွေကိုလည်း ခဏခဏတွေ့တယ်။ အဲဒီလို အလှူခံပုဂ္ဂိုလ်တွေတွေ့ ပြီဆိုရင် ပါလာသမျှ နယ်ပြီး ဟင်းတွေ ၊ ထမင်းတွေအပြတ် ကျွေးခဲ့ရတာမျိုးကို ပီတိအရမ်းဖြစ်တာ ဆာလောင်ပြီး စားနေချိန်ကို တစိမ့်စိမ့်ကြည့်ပြီးပျော်တာ’’ လို့ သူကဆိုပါတယ်။

Photo: စိုးပြည့်သဇင်

အဲ့ဒီနောက် သူသိထား၊ မှတ်ထားတဲ့ ဆရာတော်ကြီးရဲ့ တရားတွေကိုလည်း ပရိသတ်တွေ သိအောင် ပြန်လည် မျှဝေခဲ့ပါသေးတယ်။

‘’ဆရာတော်ကြီးတစ်ပါးကလည်းဟောဖူးတယ်။ အလှူခံပုဂ္ဂိုလ်ဆိုတာလည်းနေရာတိုင်းမှာရှိတယ်တဲ့။ နေရာ တိုင်း မှာကုသိုလ်ဆိုတာလည်းရှိပါတယ်တဲ့။ နှလုံးသားနဲ့ရှာဖွေရင်တွေ့ရပါလိမ့်မယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည် ၁ နာရီ ၄၅ မိနစ်က သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: စိုးပြည့်သဇင်

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီ ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့သူပါ။ စိုးပြည့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ပါ။ သီချင်းနဲ့ပတ်သက်ပြီးချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။

Photo: စိုးပြည့်သဇင်

စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်. အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ ဂီတအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်. မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က