သုံးစွဲသူ သန်း ၉၀ ကျော်နေပါပြီ

"၅ မိနစ်အားသွင်း ၂ နာရီ ဖုန်းပြော"ဆိုတဲ့ VOOC Flash charge ဟာ OPPO ရဲ့ ဆန်းသစ်တဲ့ ဘက်ထရီနည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ဘယ်လောက် စိတ်ချလုံခြုံမှုရှိတယ် ၊ ဘယ်လိုတွေ ဖွဲ့စည်းထားတယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

sec3-e3233607289952caec3f50d45bc63e78e655f679.jpg

Photo: OPPO

 

OPPO ဟာ VOOC Flash Charge အမြန်အားသွင်းနည်းပညာကို ၂၀၁၄ ခုနှစ်ကစပြီး OPPO Find 7 မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီနည်းပညာကို OPPO F9 နဲ့အတူ စပြီး သိလာခဲ့တာပါ။ ဒီပြင်တစ်ခြား OPPO ဖုန်းတွေဖြစ်တဲ့ Find 7a, N3, R5, R7 Plus, F1 Plus, F3 Plus တို့မှာလည်း VOOC Flash Charge နည်းပညာကို သုံးစွဲထားပါတယ်။

VOOC ဟာ Voltage Open Loop Multi-step Constant-Current အားသွင်းစနစ်ကို အတိုကောက် ခေါ်ထားတာ ဖြစ်ပြီး ဘက်ထရီစနစ်လုံခြုံမှု အပိုင်းမှာ ပိုမိုစိတ်ချရတဲ့ နည်းပညာများ ပါဝင်ပြီး အလွှာ ၅ လွှာပါဝင်တဲ့ ကာကွယ်မှုစနစ် သုံးထားတာပါ။

မိုဘိုင်းလောကရဲ့ စံချိန်တွေထက် ပိုပြီး သာလွန်တဲ့ DPM ကာကွယ်မှုအဆင့်ကို တိုးမြှင့်ထားတာကြောင့် အကြိမ်ပေါင်း သန်း ၁ ထောင်မှာ ချို့ယွင်းချက်ဖြစ်နိုင်ခြေဟာ တစ်ကြိမ်ပဲ ရှိမယ်လို့လည်း ကုမ္ပဏီက ကြေငြာထားပါတယ်။ ဒီနည်းပညာဟာ အားသွင်းတဲ့ adapter ရဲ့ အပူချိန်ကို လျှော့ချပေးပြီး adapter နဲ့ဖုန်းအကြား အားသွင်းမှုစနစ်ကို အမြန်နှုန်းနဲ့ဘေးကင်းစိတ်ချမှု ရှိအောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

ဖုန်းသုံးစွဲမှု မြင့်မားလာပြီးနောက် ဘက်ထရီအကုန်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် VOOC (ဗူးခ်) ဗို့အားနည်း အားသွင်းနည်းပညာကို ထုတ်လုပ်လိုက်တာပါ။ VOOC Flash Charge စနစ်ကို OPPO ရဲ့ အမြင့်မော်ဒယ်တစ်ချို့မှာပဲ အဓိကထား မိတ်ဆက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တန်ဖိုးသင့် OPPO ဖုန်းတွေမှာပါ အသုံးပြုလာခဲ့ပါတယ်။

သြဂုတ်လကုန်ပိုင်းက ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ထားတဲ့ မြန်မာငွေ ၃၉၉၉၀၀ တန် OPPO F9 ရဲ့ 3500 mAh ဘက်ထရီဟာ ပုံမှန်ထက် ၄ ဆ ပိုမြန်တဲ့ VOOC နည်းပညာပါရှိလာပါတယ်။

Photo: Android Authority

 

လက်ရှိမှာတော့ OPPO ရဲ့ VOOC Flash Charge နည်းပညာကို သုံးစွဲတဲ့ ဦးရေဟာ ကမ္ဘာနဲ့အဝှမ်းမှာ သန်း ၉၀ ကျော်နေပြီလို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က