အရည်အချင်းကျရှုံးသူများကို ဖီဖာဒိုင်လူကြီးအဖြစ်မှ ရုတ်သိမ်းခဲ့ပြီလည်းဖြစ်ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ပြင်ဆင်မှုအချို့ပြုလုပ်နေခဲ့တာပါ။

ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်များရဲ့ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် ဝေဖန်မှုများရှိနေခဲ့တဲ့တိုင် ကွင်းလယ်ဒိုင် အချို့အနေနဲ့ ဖီဖာရဲ့အရည်အချင်းစစ်သင်တန်းကို ကျရှုံးခဲ့ပြီး အရည်အချင်းမမီခဲ့တဲ့အတွက်ဝေဖန်မှုများကိုပိုပြီး ရင်ဆိုင်နေရတယ်လို့ skysports ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အက်ဖ်အေလက်အောက်ရှိ ပရီးမီးယားလိ်ဂ်ဒိုင်လူကြီးကော်မတီရဲ့ အထွေထွေမန်နေဂျာရာထူးကို ရယူထားတဲ့ မိုက်ခ်ရီလေးအနေနဲ့ လက်ရှိပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်များအပေါ် ဖီဖာကချမှတ်ထားတဲ့ အရည်အချင်းစစ်တ မ်းများနဲ့အတူ စစ်ဆေးခဲ့ပြီးနောက် အခုလို,လိုအပ်ချက်တွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ ပရီးမီးယားလိဂ်ကွင်းလယ်ဒိုင်လူကြီးတွေဖြစ်တဲ့ ဒေးဗစ်ကူတီ၊ အန်ဒီမက်ဒ်လေတို့အေ နနဲ့ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေခဲ့ပြီး ဖီဖာကသတ်မှတ်ထားတဲ့ စံချိန်ကို လိုက်မမီတဲ့အတွက် အခုလိုမျိုးဝေဖန် ခံနေရတာလည်းဖြစ်ပါတယ်။

Dailymail ရဲ့ဖော်ပြချက်အရ ဖီဖာရဲ့ ဒိုင်လူကြီးစံချိန်စံညွှန်းကို လို်က်မမီခဲ့တဲ့ ဒေးဗစ်ကူတီ၊ အန်ဒီမက်ဒ်လေတို့ အနေနဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီးရာထူးကို ရုတ်သိမ်းခံရနိုင်ပြီး ဖီဖာအသိအမှတ်ပြုကွင်းလယ်ဒိုင်အဖြစ်မှလည်း ရုတ်သိမ်းခံရဖွယ်ရှိနေခဲ့တယ်လို့ အခို်င်အမာသတင်းဖော်ပြမှုများရှိနေခဲ့ပါတယ်။

VAR စနစ်ကိုအသုံးပြုနေပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်ဒိုင်လူကြီးအချို့ရဲ့ လူသားဆန်တဲ့ဆုံးဖြတ်ချက်အမှားအ ယွင်းများကို ပရိသတ်အများစုက ဝေဖန်နေကြဆဲဖြစ်ပြီး အရည်အချင်းမမီတဲ့ ကွင်းလယ်ဒိုင်တွေကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကွင်းလယ်ဒိုင်တွေမပါဝင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သုံးသတ်မှတ်ချက်ပြုမှုများလည်းထွက် ပေါ်လာခဲ့ပါတယ်။

Share

က္က