ဖေဖော်ဝါရီ (၂၈)ရက်နေ့ နောက်ဆုံးထားပေးရမှာဖြစ်ပါတယ်။

Yangon Water Busအနေနဲ့ ဒီဇယ်ဆီတွေကို ဝယ်ယူအသုံးပြုခဲ့ရာမှာ ဆီဖိုးအကြွေးကျန်ငွေ သိန်း(၇၀၀)ကျော်လောက်ကျန်ရှိနေပြီး အကြွေးတွေကို သတ်မှတ်ရက်အတွင်း မပေးချေပါက တရားစွဲသွားမယ်လို့ ဆီဆိုင်ကုမ္ပဏီဘက်က ကြေညာခဲ့ပါတယ်။ 

photo- Yangon Water Bus

ဆီဆိုင်ကုမ္ပဏီဘက်က နိုင်ငံပိုင်သတင်းစာကနေတစ်ဆင့် အခုလိုကြေညာခဲ့တာဖြစ်ပြီး ကျန်ရှိတဲ့ အကြွေးတွေကိုတော့ ဖေဖော်ဝါရီ (၂၈)ရက်နေ့ နောက်ဆုံးထားပြီးပေးဖို့ ပြောထားတာလည်းဖြစ်ပါတယ်။ ဆီဆိုင်ကုမ္ပဏီဖြစ်တဲ့ Petro& Trans Group Of Co.Ltd မှာ Yangon Water Bus အနေနဲ့ ဒီဇယ်များကို ဝယ်ယူခဲ့သောလရဲ့ လကုန်ပြီး (၁၀)အတွင်းပေးသွင်းပါမယ်ဆိုပြီး ဝယ်ယူခဲ့ရာမှာ အခုချိန်ထိ အကြွေးကျန်ငွေကျပ်သိန်း (၇၀၀)ကျော်ကို မပေးသေးဘူးလို့ ကြေညာချက်မှာပါရှိပါတယ်။ 

၂၀၁၈ခုနှစ်ကတည်းက ဝယ်ယူအသုံးပြုထားတဲ့ ဆီကြွေးတွေဖြစ်ပြီး ကျန်ရှိတဲ့ အကြွေးများကို သတ်မှတ်ရက်အတွင်း မပေးချေပါက တရားစွဲ သွားမည်ဖြစ်ကြောင်းကို Yangon Water Bus ပြေးဆွဲတဲ့ Tint Tint Myanmar ကုမ္ပဏီပိုင်ရှင် ဒေါ်တင့်တင့်လွင်နဲ့ အများသိရှိနိုင်အောင်ဆိုပြီး ကုမ္ပဏီဘက်က အခုလိုကြေညာခဲ့တာပါ။ 

Yangon Water Bus ကို ၂၀၁၇ ခုနှစ်အောက်တိုဘာလအတွင်းက စတင်ပြေးဆွဲခဲ့ရာ လက်ရှိအချိန်မှာတော့ ရေယာဉ်များပြုပြင်ရန်အတွက်ဆိုပြီး ပြေးဆွဲမှုကို ရပ်နားထားတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့ကပဲ Yangon Water Bus Page ကနေပြီး ရေယာဉ်သစ်တွေကိုစမ်းသပ်မောင်နှင်းမှုတွေပြုလုပ်နေကာ မကြာခင်မှာဘဲ ပုံမှန်ခရီးစဉ်တွေနဲ့ သံလျင်နေဝင်ချိန်ကြည့် ခရီးစဉ်တွေကို ပြန်လည်ပြေးဆွဲတော့မည့် အကြောင်းကို ထုန်ပြန်ကြေညာခဲ့ပါ‌တယ်။ 

Share

Loading Next Article...
က္က