ခရီးသွားနဲ့ စားသောကုန်နယ်ပယ်မှာ တစ်နှစ်တာအကောင်းဆုံးဆုကို တစ်နိုင်ငံလုံးအနှံ့ ရွေးချယ်ခဲ့တဲ့ Myanmore Awards ဆုကို မတ်လ ၆ ရက်နေ့မှာ ပေးအပ်ခဲ့ပါတယ်။
ဆုရရှိသူတစ်ဦး
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ တစ်နှစ်တာအကောင်းဆုံးဟိုတယ်ဆု၊ အကောင်းဆုံးအတွေ့အကြုံဆု၊ လုပ်ငန်းပိုင်းဆိုင်ရာ အောင်မြင်ထင်ရှားတဲ့ဆု၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစီမံကိန်းဆု၊ အခမ်းအနားဆုတို့ကို ပေးအပ်ခဲ့ပါတယ်။
အကောင်းဆုံးအတွေ့အကြုံဆုကိုတော့ Balloons Over Bagan ကရရှိခဲ့တာဖြစ်ပြီးတော့ အကောင်းဆုံးအခမ်းအနားဆုကိုတော့ novotel Yangon Max ၊ Tourism Industry Figure of the Year ဆိုတဲ့ဆုကိုတော့ လူတစ်ဦးတစ်ယောက်ချင်းစီကိုပေးအပ်ခဲ့တာဖြစ်ပြီး မမေမြတ်မွန်ဝင်းက ရရှိခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစီမံကိန်းဆုကို တော့ ကယားပြည်နယ်အခြေစိုက် community –Based Tourism Project က ရရှိခဲ့တာဖြစ်ပြီးတော့ တစ်နှစ်တာအကောင်းဆုံးစားဖိုမှုးဆုကိုတော့ Jean Marc Lemmery က ရရှိခဲ့တာဖြစ်ပါတယ်။
တစ်နှစ်တာအကောင်းဆုံးဝိုင်နဲ့ ကိုယ်စားပြုသံတမန်ဆုကိုတော့ lal Mon Puia ၊ တစ်နှစ်တာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်တဲ့ဆုကိုတော့ Savoy Hotel က ရရှိခဲ့ပြီးတော့ အထူးဂုဏ်ပြုဆုကို Nikki Barltrop ကရရှိခဲ့ပါတယ်။ တစ်နှစ်တာ မြန်မာပရီမီယံဘီယာဆိုင်ကိုတော့ The BarDubai ကရရှိခဲ့တာဖြစ်ပြီးတော့ တစ်နှစ်တာအကောင်းဆုံးမြန်မာဘီယာဆိုင် win star က ရရှိခဲ့ပါတယ်။
တစ်နှစ်တာ အတော်ဆုံးစွန့်ဦးတီထွင်လုပ်ငန်းရှင်ဆုကိုတော့ Myat phoo Wai ကရရှိခဲ့တာဖြစ်ပြီးတော့ တစ်နှစ်တာအကောင်းဆုံးဆိုင်သစ်ဆုကိုတော့ Burma Bistro ကရရှိခဲ့တာဖြစ်ပြီးတော့ ၊မြန်မာစားသောက်ဆိုင် ဆုကိုတော့ Mu Ai Kachin က ရရှိခဲ့ပါတယ်။
တစ်နှစ်တာအကောင်းဆုံးကော်ဖီဆိုင်ဆုကိုတော့ Bodhi Nava က ရရှိခဲ့ပြီးတော့၊တစ်နှစ်တာအကောင်းဆုံးဘားဆုကိုတော့ The Penthouse ကရရှိခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးစားသောက်ဆိုင်ကတော့ ORGN Kitchen ကရရှိခဲ့တာဖြစ်ပါတယ်။ တစ်နှစ်တာအကောင်းဆုံးဟိုတယ်ဆုကိုတော့ Sofitel inle lake myat min က ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် တစ်နှစ်ပါတ်လုံးမှာ Programme of Excellence ကိုစီစဉ်ပေးထားပြီးတော့ ဆုရရှိသူတွေရဲ့ ဗဟုသုတနဲ့ အတွေ့အကြုံတွေကိုပါ တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
Share