Photo : စိုးပြည့်သဇင် FB
သရုပ်ဆောင် စိုးပြည့်သဇင်က ပရိသတ်တွေကို ခရီးသွားဖို့အတွက် တိုက်တွန်းထားပါတယ်။ ခရီးတွေ သွားပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ဖို့အတွက် ပရိသတ်တွေကို သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပြောထားတာတွေ့ရပါတယ်။
"ခရီးသွားပါ.....ပြီးရင်နေရာလှလှလေးတွေမှာဓါတ်ပုံရိုက်ပါ.....ဒါကဘဝရဲ့အမှတ်တရလေးတွေပါဘဲ။ အသက်တွေကြီးသွားတဲ့ အခါအမှတ် တရဖြစ်တာပေါ့.။ပြီးရင်ဖေ့ဘွတ်မှာတင်ပါ....သူများတွေမျက်စိနောက်နေမှာဘဲဆိုပြီးတွေးပူမနေနဲ့ like ပေးပေး ha haပေးပေး.။အဲ့ဒါသူတို့အပိုင်း ကိုယ့်ပုံလေးတွေကိုယ့် wall ထဲမှာအမှတ်တရရှိနေဖို့ဘဲလိုတယ်" ဆိုပြီး သြဂုတ်လ(၃၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထား တာဖြစ်ပါတယ်။
Photo : စိုးပြည့်သဇင် FB
အဲ့ဒါကြောင့်လည်း သူမအနေနဲ့ ဘာနေရာပဲ ရောက်ရောက် ဓာတ်ပုံရိုက်ပြီး တင်ဖြစ်သလို လှတဲ့နေရာတွေမှာ ဓာတ်ပုံမရိုက်လိုက် ရလေခြင်း ဆိုပြီးတော့လည်း နောင်တမရချင်ဘူးလို့ ပြောထားပါတယ်။ စိုးပြည့်သဇင်ဟာ လက်ရှိမှာ မန္တလေးမှာ MTV တစ်ပုဒ် ရိုက်ကူးဖို့အတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်။
မန္တလေးက ပရိသတ်တွေနဲ့လည်း စက်တာလ(၁) ရက်နေ့ တွေ့ဆုံဖို့အတွက် ပြောထားပါသေးတယ်။စိုးပြည့်သဇင်ဟာ လက်ရှိမှာ ခရီးတွေသွားနေသလို မကြာခင်မှာလည်း အမတွေနဲ့အတူ ပိုးထည်ဆိုင်ဖွင့်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Photo : စိုးပြည့်သဇင် FB
ပိုးထည်ဆိုင်အတွက် ဝန်ထမ်းတွေ ခေါ်နေတဲ့ စိုးပြည့်တို့ညီအစ်မ
"မင်းသမီး"ပိုးထည်တိုက်လို့ နာမည်ပေးထားတဲ့စိုးညီအမတွေရဲ့ ပိုးထည်တိုက်ကိုတော့ အောက်တိုဘာလမှာ ဖွင့်မယ်လို့ သိရပါတယ်။ "မင်းသမီး" ဆိုတဲ့ နာမည်ကိုလည်း မကြီးစိုးက ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ပိုးထည်ဆိုင်ဖွင့်ဖို့အတွက်ကိုလည်းညီအစ်မတွေ လုံးဝကို တက်တက်ကြွကြွနဲ့ အကောင်အထည်ဖော်နေကြတာ ဖြစ်ပါတယ်။
Photo : စိုးပြည့်သဇင် FB
အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။
စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။
Share