ဘယ်လို သီချင်းလေးတစ်ပုဒ်ဖြစ်လာမလဲ စိတ်ဝင်စားစရာပဲ။

ဆိုဖီယာ ကတော့ ‘’နောင်တ မရပါစေနဲ့’’ဆိုတဲ့ သီချင်းအသစ်လေးတစ်ပုဒ် ထွက်လာတော့မယ်လို့ ဆိုပါတယ်။ ဒီသီချင်းလေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။

Photo: ဆိုဖီယာ



ဆိုဖီယာက အခုဆိုရင်တော့ ဂီတဖျော်ဖြေရေးတစ်ခုအနေနဲ့ တရုတ်နိုင်ငံကို ရောက်ရှိနေ တာဖြစ်ပါတယ်။ ပြန်လာရင်တော့ သူမရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးမယ်လိုု့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ NO Request (နောင်တမရပါစေနဲ့) ဆိုတဲ့ သီချင်းလေးထွက်မှာပါ။ သီချင်းအပေါ်မှာ ယုံကြည်မှုထားတယ်။ လေးစားတယ်။ ကိုယ့်အလုပ်ကို ကိုယ်ချစ်တယ်။ လုပ်တဲ့အရာတိုင်းမှာလည်း အသေးစိပ်က အစ ပိုအာရုံစိုက်တယ်။ အဲဒါကြောင့် ကိုယ်ပြန်ရတဲ့အခါမှာလည်း ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့အရာကို ပြန်ရတာပေါ့နော်။ ဒီ့ထက်မက ကြိုးစားရဦးမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: ဆိုဖီ

အဆိုတော်ဆိုဖီယာကတော့ တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အနေနဲ့ သွားရောက်နေပြီလို့ သိရပါတယ်။ သူမရဲ့ ကိုယ်ပိုင်သီချင်းလေးဖြစ်တဲ့ Crush On You သီချင်းလေး နဲ့ ဖျော်ဖြေသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။  

‘’ဒါ အကောင်းဆုံးအခွင့်အရေးလို့တော့ ဆိုဖီထင်တယ်။ သူများနိုင်ငံမှာကိုယ့်ရဲ့ ကိုယ်ပိုင်သီချင်းကို ပြရမှာဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ‘’Crush On You’’ သီချင်းကလည်း ကိုမိုးထက် Producted လုပ်ပေးထားတဲ့ သီချင်းဆိုတော့ ကိုမိုးထက်အတွက်လည်း ဝမ်းသာပါတယ်၊ ဆိုဖီ့အတွက်လည်း ဝမ်းသာပါတယ်။’’ လို့ သူကဆိုပါတယ်။

Photo: ဆိုဖီယာ

ဆိုဖီယာက ဂီတလောကထဲကို ဝင်ရောက်လာတာ အခုဆိုရင် ၃ နှစ်တာကာလကို ရောက်ရှိလာပြီဖြစ်ပါတယ်။ သူမကိုယ်တိုင် ဖန်တီးလိုက်တဲ့ သီချင်းတွေကလည်း လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တာတွေချည်းပါပဲ။

‘’ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာတွေတော့ရှိပါတယ်။ လိုအပ်တဲ့နေရာတွေလည်း အများကြီးရှိပါသေးတယ်။ အဲဒီအတွက် တစ်နှစ်ထက် တစ်နှစ် ပိုကောင်းအောင် ပြုပြင်ပြောင်းလဲရမှာပေါ့နော်။ နောက်နှစ်တွေမှာတော့ ဒီ့ထက်ပိုကောင်းမှာပါ။ ဆိုဖီ ဒီလောကထဲဝင်တာ ၃ နှစ်ပဲရှိသေးတော့ နည်းနည်းတော့ လိုအပ်နေသေးဦးမှာပါ’’ဆိုပြီးတော့ စက်တင်ဘာလ ၁၂ ရက်နေ့က မိစန္ဒီရဲ့ ‘’သတ္တိခဲ’’ တေးစီးရီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: YomoKo

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း “ The Guest’’ ဆိုတဲ့ MTV လေးအသစ်တစ်ခု ထွက်ရှိထားပါသေးတယ်။ ဒီထဲမှာတော့ ဆိုဖီယာနဲ့ အတူ နင်ဇီမေက တွဲဖက်သီဆိုထားတာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က