ထီ ပေါက်ခဲ့တယ်တဲ့။

ဆိုဖီယာတစ်ယောက် Poison ဆိုတဲ့ သီချင်းအသစ်လေးနဲ့ မမိတ်ဆက်ပေးခင်မှာပဲ ထီ တစ်သိန်းဆုပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ နောက် Poison သီချင်းလေး မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။


Photo: ဆိုဖီယာဖေ့စ်ဘွတ်

 

ပရိသတ်တွေရဲ့ အချစ်တော်မလေး ဆိုဖီယာတစ်ယောက် ထီ ၁ သိန်းဆုပေါက်သွားတယ်လို့ သိရပါတယ်။ ဒါကတော့ သူ့ရဲ့ Poison လို့ အမည်ပေးထားတဲ့ သီချင်းအသစ်လေးနဲ့ မမိတ်ဆက်ပေးခင်မှာပဲ ကံကောင်းမှုတွေ ပိုင်ဆိုင်ခဲ့တယ်လို့လည်း သူ့ရဲ့ ပရိသတ်တွေက ပြောပြထားပါသေးတယ်။

ဆိုဖီယာဟာ Poison သီချင်းအသစ်လေး မတင်ခင်မှာပဲ သူ ထီပေါက်သွားတဲ့ အကြောင်း ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ '' Poison ခဏနေ 3pm တင်မယ်နော်။ မတင်ခင်လေး ဖီ တသိန်းထီပေါက်သွားတယ် လို့'' ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဆိုဖီယာဖေ့စ်ဘွတ်

 

အဲ့ဒီနောက် စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၂ နာရီကျော်မှာပဲ ဆိုဖီယာရဲ့  သီချင်းအသစ်လေးဖြစ်တဲ့ Poison ဆိုတဲ့ သီချင်းလေးကို ဖေ့စ်ဘွတ်စာ မျက်နှာကနေ တဆင့် ဖြန့်ချိခဲ့ပါတယ်။ Poison သီချင်းလေးဟာ Slow Rock သီချင်းအမျိုးအစားလေး ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂီတပုံစံ မြူးမြူးလေးတွေလည်း ထည့်သွင်းထားတာဖြစ်ပါတယ်။

Photo: ဆိုဖီယာဖေ့စ်ဘွတ်

Cyber Bulling အကြောင်းပြောလာတဲ့ ဆိုဖီယာ 

Poison သီချင်းအသစ်လေးကို မိတ်ဆက်ပေးပြီးတဲ့ အချိန် ၂၂ နာရီအတွင်းမှာပဲ ကြည့်ရှုအားပေးတဲ့ ပရိသတ်ပေါင်း ၂ သောင်း ၆၀၀၀ ကျော်ရှိခဲ့ပြီး Sharing ပေါင်း ၁၃၀၀၀ ကျော် ရှိခဲ့ပါတယ်။ ဒီသီချင်းကိုလည်း ကြိုက်တဲ့ အကြောင်းကိုလည်း သူ့ရဲ့ ပရိသတ်တွေက  Comment ကနေတဆင့် ပြောပြထားပါသေးတယ်။

Photo: ဆိုဖီယာဖေ့စ်ဘွတ်

 

ဆိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက် Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့ အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာ အောင်မြင်နေရုံသာ မက သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က