ဘယ်လောက် အချိန်ကြာဦးမလဲ။

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ ၄ ယောက်ပေါင်းပြီး ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေပါပြီ။ ညီအစ်မ ၄ ယောက် စုပြီး ရိုက်မှာဖြစ်တဲ့အတွက် အမှတ်တရတွေလည်း ဖြစ်မှာပါ။ ညီအစ်မ၄ ယောက်ရဲ့ စိတ်နေစိတ်ထားတွေ ကိုလည်း စန္ဒီမြင့်လွင်က ပြောပြလာ ပါတယ်။



Photo: Sandy Myint Lwin Fb

 

သရုပ်ဆောင်လောကမှာရော၊ ဂီတလောကမှာပါ အောင်မြင်လျှက်ရှိနေတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ ညီအစ်မ ၄ ယောက်ပေါင်းပြီးရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိတဲ့အကြောင်း စန္ဒီမြင့်လွင်က Duwun  Media ကိုပြောပြခဲ့ပါတယ်။ ကိုယ်တိုင်က လည်း ရုပ်ရှင်ရိုက်ချင်စိတ်ရှိပါတယ်တဲ့။

'' မကြီးကတော့ အရိပ်အမြွတ်တော့ပြောတယ် ညီအစ်မ ၄ ယောက် ရုပ်ရှင်ရိုက်ဖို့ အစီအစဉ်ရှိတယ်တဲ့။ ဒီးဒီကလည်း ကတုံးနဲ့ဆိုတော့ ကာရိုက်တာ တစ်ခုရမယ်ဆိုတော့ တကယ်လည်းရိုက်ချင်တယ်။ ရုပ်ရှင်ပြန်ရိုက်ချင်တဲ့ စိတ်ရှိပါတယ်။ ညီအစ်မတွေချည်းပဲ ရိုက်ရမှာဆိုတော့ ပျော်ဖို့ကောင်းမှာပေါ့နော်။ ရူတင်မှာဆိုလည်း ကိုယ်တွေအမျိုးတွေချည်းပဲဖြစ်နေမှာပေါ့'' လို့ ဆိုပါတယ်။

Photo: Sandy Myint Lwin Fb

 

ညီအစ်မ ၄ ယောက်ရုပ်ရှင်ရိုက်မှာ ဖြစ်တဲ့အတွက် အမှတ်တရတော့ ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါကလည်း ရုပ်ရှင်ရိုက်ဖို့အတွက် စီစဉ်ရမှာတွေ ရှိတာ ကြောင့် ရိုက်ဖြစ်ခဲ့ရင်လည်း ကောင်းတယ်လို့ သူကပြောပါတယ်။ သေချာရင်တော့ ပြန်ပြောမယ်လို့ ဇူလိုင်လ ၂ ရက်နေ့က ညီညီမောင်(စမ်းချောင်း) ရဲ့ မွေးနေ့ ပွဲကို တက်ရောက်လာတဲ့ စန္ဒီမြင့်လွင်က Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ ဂီတလောကမှာ အောင်မြင်နေတဲ့ စန္ဒီမြင့်လွင်က သူ့ရဲ့ ညီအစ်မတွေအပေါ်ထားတဲ့ သဘောထား ကိုလည်း အခုလိုပြောပြ ခဲ့ပါသေးတယ်။

'' မကြီးက မင်းသမီးတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာတဲ့သူလို့ မြင်တယ်လေ။ သူ့ကို အားကျတယ်၊ လေးလည်းလေးစားတယ်။ ကြောက်လည်း ကြောက်သေးတယ်။ မဒါကျတော့ လူငယ်ဆန်တော့ ပြောလည်းပြောဖြစ်တယ်။ တိုင်ပင်ဖြစ်တယ်၊ သူ့ရဲ့ ကာရိုက်တာက အရမ်းကို လေးလေး နက်နက်လို့ ခံစားမိတယ်။ဇင်ဇင်ဆိုရင်လည်း အိုက်တင်တွေ အရမ်းကောင်းတယ်။မကောင်းတာ ကိုယ်တစ်ယောက်ပဲ'' လို့ဆိုပါတယ်။

Photo: Sandy Myint Lwin Fb

အပေါ်ယံပကာသနမပါတဲ့ အချစ်တွေရနေပြီဆိုတဲ့ စန္ဒီမြင့်လွင် 

အဆိုတော် စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက် အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က သူ့ရဲ့ ပထမဆုံးတစ်ကိုယ်တော် အခွေဖြစ်တဲ့ ဆေးရောင် လှလှခြယ်ရအောင် တေးစီးရီးကနေစပြီး ဂီတအလုပ်တွေ ပိုလုပ်ဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။

'' ဆေးရောင် လှလှ အခွေမထွက်ခင်က ရှေ့မှာလည်း သီချင်းတစ်ပုဒ်ချင်းစီတိုင်းကို ပရိသတ်က အားပေးတယ်။ ရုပ်ရှင်ဘက်မှာကျတော့ စန္ဒီမြင့်လွင်ရုပ်ရှင်ဆိုတာ မရှိတဲ့အတွက် ကိုယ့်ကို ပိုအားပေးတဲ့ ဘက်ကို ရပ်တည်လိုက်တာပါ။ ဒါပေမယ့် ရုပ်ရှင်ကိုလည်းချစ်တယ်၊ ဂီတကို လည်းချစ်တယ်၊ သဘင်ကိုလည်းချစ်တယ်။ အနုပညာနဲ့ ပတ်သက်တာ မှန်သမျှ အကုန်ချစ်တယ်'' လို့ ဆိုပါတယ်။

Photo: Sandy Myint Lwin Fb

 

သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ဟာ သရုပ်ဆောင်ဘက်မှာ ထူးချွန်ပြီး အကယ်ဒမီဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူ တွေဖြစ်ကြ ပါတယ်။ အဲ့ဒီနောက် စိုးပြည့်သဇင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ပြီး ဂီတဘက် မှာလည်း အောင်မြင်မှုရရှိထားပါတယ်။ စန္ဒီမြင့်လွင်ကလည်း ဂီတလောကမှာ အမိုက်စားသီချင်းတွေနဲ့ အောင်မြင်နေသူပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က