လာကမ်းလှမ်းတာတွေတော့ မရှိသေးပါဘူး။

ချောရတနာကတော့ သရုပ်ဆောင်အလုပ်လုပ်နေတဲ့ ညီမလေး သန္တာဗိုလ်နဲ့ အတူတွဲပြီး ဇာတ်ကားမရိုက်ဖူးသေးတဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Chaw Yandanar



ချောရတနာဟာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတဲ့ အချိန်မှာ ညီမဖြစ်သူ သန္တာဗိုလ်နဲ့ အတူ ဇာတ်ကားရိုက်ချင်ပါသေးတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သန္တာဗိုလ်ကလည်း လက်ရှိမှာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်အလုပ်ကိုလည်း လုပ်ကိုင် နေတာ တွေ့ရပါတယ်။ 

“ ညီအစ်မ နှစ်ယောက်တွဲပြီး ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းတာတွေလည်း မရှိသေးပါဘူး။ တကယ်လို့ ရိုက်ခွင့်ရမယ် ဆိုရင်လည်း ရိုက်ချင်တယ်၊ ရိုက်ရင်းနဲ့လည်း ရန်ဖြစ်ကြမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်က သွား သွားပြီး ဆရာလုပ်တတ်တဲ့ အကျင့်လေးရှိတယ်။ အဲဒီအခါကျရင် သူ့စိတ်လည်း မလွတ်လပ်ဘူးပေါ့နော်” လို့လည်း သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Chaw Yandanar

အခုဆိုရင်တော့ ချောရတနာက “သမုဒယမော်ကွန်း တွင်ရစ်စေသတည်း” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်တယ်လို့ ဆိုပါတယ်။  

“ ဒီဇာတ်ကားကတော့ အစ်မဘဝအတွက် ပထမဆုံး Series ရိုက်မှာပေါ့နော်။ အစ်မက ဒီဇာတ်ကားထဲမှာ အိမ်ထောင်သည် ကာရိုက်တာပါပဲ။ ဒီဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုတွေက ကာရိုက်တာနဲ့ ညီအောင် ဝတ်စားဆင်ယင်မှုတွေ၊ အရင်တုန်းက ကိုယ်ကအကြီးပိုင်းနေရာကနေ သရုပ်မဆောင်ဖူးဘူး။ အခုက အကြီးပိုင်းနေရာကနေ သရုပ်ဆောင်ရမှာဆိုတော့ ဒီဇာတ်ကားက အစ်မအတွက် ကာရိုက်တာအရရော၊ ဇာတ်လမ်းတွဲအရရော ပထမဆုံး အတွေ့အကြုံပါပဲ” ဆိုပြီးတော့ Shwe Series မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။  

Photo: Chaw Yandanar

သမုဒယမော်ကွန်း တွင်ရစ်စေသတည်း ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ သိန်းဟန်(ဗီးနစ်) ကရိုက်ကူးမှာဖြစ်ပြီး အကယ်ဒမီထွန်းထွန်း၊ ထူးအောင်၊ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ညီနန္ဒ၊ သိန်းလင်းစိုး၊ ခင်ဝင့်ဝါ၊ ရတနာဗိုလ်၊ ဆုပန်ထွာ၊အကယ်ဒမီ ချောရတနာ၊ ဆုမြတ်နိုးဦး၊ ဟန်လေးနဲ့ ရွှေရင်အေးတို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ Media 7 က ထုတ်လုပ်မှာဖြစ်ပါတယ်။ 

Photo: Chaw Yandanar

ချောရတနာက ခင်ပွန်းဖြစ်သူ ကိုကျော်လင်းနဲ့ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ပါဘူး။ အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ အဲဒီနောက် ၂၀၁၈ ခုနှစ်ကစပြီး အနုပညာအလုပ်တွေကို ကြော်ငြာရိုက်ကူးရေးတွေကနေတဆင့် ပြန်လည် လုပ်ကိုင်လာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က