ဘယ်သွားသွား အတူတူပါပဲတဲ့။

မင်းမော်ကွန်း နဲ့ အရိုင်းတို့ရဲ့ သမီးတွေဖြစ်ကြတဲ့ လေပြေသွေးနဲ့ ပျိုပျိုမေတို့က သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုတွေအကြောင်းကို ရယ်ရယ်မောမောနဲ့ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေပါတဲ့။

Photo: Pyo Pyo May

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေးနဲ့ သရုပ်ဆောင်အရိုင်းရဲ့ သမီးလေး ပျိုပျိုမေ တို့ရဲ့ သူငယ်ချင်းသံယောဇဉ်လေးကတော့ အရမ်းကိုပျော်စရာကောင်းလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ညီအစ်မတွေလို ရင်းနှီးကြတယ်လို့ လေပြေသွေးက မီဒီယာအင်တာဗျူးကနေ ဖြေဆိုုခဲ့ပါတယ်။

‘’ သူငယ်ချင်းတွေက ညီအစ်မတွေလိုပဲ အမြဲတမ်း တိုင်တိုင်ပင်ပင်ရှိကြတယ်။ တစ်ယောက်က အခက်အခဲ ကြုံလာပြီဆိုရင် နောက်တစ်ယောက်ကို အကြံဉာဏ်လေးတွေ တောင်းဖြစ်ပါတယ်။ အပြင်သွားရင်လည်း အမြဲတမ်း အတူတူသွားဖြစ်တယ်။’’ လို့ ဇွန်လ ၆ ရက်နေ့က D&C ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Pyo Pyo May

အဲဒီနောက် ပျိုပျိုမေကလည်း သူငယ်ချင်းတွေက တစ်ယောက်နဲ့ တစ်ယောက် ခင်ဖို့ကောင်းတဲ့ အချက်လေးတွေကို သဘောကျရယ်မောရင်း ပြောပြလာပါသေးတယ်။

‘’ သူတို့ရဲ့ ပုံစံလေးတွေက တစ်ယောက်တစ်မျိုးစီချစ်ဖို့ကောင်းကြပါတယ်။ မဖူးဖူးဆိုလည်း သီချင်းဆိုတာ အသံလေးက ချစ်စရာကောင်းတယ်။ လေပြေသွေးလည်း ချစ်ဖို့ကောင်းတယ်။ သူကတော့ ငယ်ငယ်လေးကတည်းက ပေါင်းလာတာဆိုတော့ ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုတော့ ပိုပြီးတော့ ရင်းနှီးတယ်ဆိုပေမယ့် အကုန်လုံးက ညီအစ်မတွေလိုပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: Pyo Pyo May

လေပြေသွေးနဲ့ ပျိုပျိုမေ တို့ သူငယ်ချင်းနှစ်ယောက်ဟာ မိဘတွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတဲ့ လိမ္မာတဲ့ သမီးလေးတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်း ဘယ်သွားသွား အတူတူပါပဲတဲ့။

‘’ တစ်ဦးတည်းသော သမီးဆိုပေမယ့် နည်းနည်း ထိန်းချုပ်မှုတော့ ရှိတာပေါ့နော်။ အပြင်ထွက်တာတောင်မှ ပင်ကီတို့နဲ့ ထွက်တာများတယ်။ အနောက်မှာလည်း သူ့မိဘ၊ ကိုယ့်မိဘတွေ အမြဲတမ်း ပါတဲ့အတွက် အတူတူထွက်လို့ရပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။


လေပြေသွေးနဲ့ ပျိူပျိုမေ တို့ကိုတော့ ‘’ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးကနေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ အခုလက်ရှိမှာတော့ မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ အနုပညာအလုပ်တွေ စတင်ဆောင်ရွက်နေရတာကို တွေ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က