တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသုံးပြုလို့ရပါတယ်။

ပြည်သူတွေအနေနဲ့ ကိုယ့်ဒေသအတွင်းမှာဖြစ်နေတဲ့ သဘာဝဘေးတွေနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်နေလဲဆိုတာတွေကို ဒီအပလီကေးရှင်းကနေ Report လုပ်နိုင်သလို နိုင်ငံတော်အနေနဲ့ ဘယ်လိုအထောက်အပံ့တွေလုပ်ပေးနေတယ်ဆိုတာ အားလုံးကိုလည်း DAN Applicationကနေ ကြည့်လို့ရပါတယ်။ 

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကနေ စတင်အကောင်အထည်ဖော်ခဲ့တဲ့ DAN Applicationကနေ မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်အားလုံးကို သိရှိနိုင်ပါပြီ။ ဒီအပလီကေးရှင်းကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပေမယ့် ယခု၂၀၁၉ ခုနှစ်မှာတော့ Upgrade ပြန်လည် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

" လက်ရှိနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ သဘာဝဘေးတွေနဲ့ပတ်သက်ပြီး ဒီအပလီကေးရှင်းကနေသိနိုင်တယ်။ ပြီးတော့ နိုင်ငံတော်အနေနဲ့ ဘယ်လိုအထောက်အပံ့တွေလုပ်ပေးနေတယ်ဆိုတာအားလုံးကိုလည်း ဒီထဲမှာကြည့်လို့ရတယ်။ ပြည်သူတွေအနေနဲ့ကလည်း ကိုယ့်ဒေသအတွင်းမှာဖြစ်နေတဲ့ သဘာဝဘေးတွေနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်နေလဲဆိုတာတွေကို ဒီအပလီကေးရှင်းကနေ Report လုပ်နိုင်တယ်။ အရင်တုန်းကတော့ ဒါတွေမပါဘူး။ အခု Upgradeလုပ်ပြီးတဲ့နောက်မှာ ဒီအချက်တွေပါ ပါလာတယ်" လို့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာန ရန်ကုန်တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက Duwun ကိုပြောပါတယ်။

DAN Application မှာဆိုရင် သဘာဝဘေးအန္တရာယ်နဲ့သက်ဆိုင်တဲ့ သတင်းအားလုံး ၊ အရေးပေါ်ဖုန်းနံပါတ်တွေ ၊ သဘာဝဘေးနဲ့ ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေ အပြင် ပညာပေးကဏ္ဍ ၊ မိုးလေဝသအခြေအနေသတင်းတွေ၊ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းတွေကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရုပ်ပုံ ၊ စာတွေနဲ့သာမကဘဲ မျက်စိအာရုံချို့ယွင်းနေတဲ့ သူတွေအတွက်လည်း အသံဖိုင်နဲ့နားထောင်လို့ရနိုင်အောင် ပြုလုပ်ပေးထားတာပါ။ Play Store မှာ DAN Application လို့ ရိုက်ရှာပြီး Download လုပ်ကာ အမည်၊အလုပ်အကိုင်၊ နေရပ်နဲ့ ကျား၊မ ရွေးချယ်ပြီး Application ကိုစတင်အသုံးပြုလို့ရပါတယ်။ သဘာဝဘေးသင့်ပြည်သူတွေအနေနဲ့ တီဗီကြည့်နေဖို့ အချိန်မရှိခဲ့ဘူးဆိုရင်တောင် ဖုန်းတစ်လုံးထဲကနေ အချိန်နဲ့ တပြေးညီ သတင်းအခြေအနေ ၊ ဆုံးရှုံးမှုအခြေအနေ နဲ့ ပြန်လည်ကယ်ဆယ်နေတဲ့ လုပ်ဆောင်ချက်တွေ သိရှိနိုင်တဲ့အပြင် သတင်းပေးလိုသူတွေလည်း သတင်းပေးလာနိုင်တဲ့အထိ ရရှိအောင်ပြုလုပ်ထားတာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အသုံးပြုလို့ရအောင် လုပ်ပေးထားတာဖြစ်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ ပြည်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ကြိုတင်သိရှိကာကွယ်နိုင်ဖို့အတွက် DAN Applocation ကနေ သတင်းအချက်အလက်တွေ မှန်ကန်မြန်ဆန်စွာ ပေးပို့အသုံးပြုနေတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က