ဆေးစစ်မှုတွေ ပြုလုပ်ဖို့ ရှိနေပါသေးတယ်။

လော်ရန်တေးကို ခေါ်ယူတာကတော့ အက်သလက်အနေနဲ့ အသင်းကထွက်ခွာဖို့ များနေတဲ့ ရိုဒရီရဲ့ နေရာမှာ အစားထိုးဖို့ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အက်သလက်တီကိုအသင်းဟာ မြို့ခံ ပြိုင်ဖက် ရီးရဲမက်ဒရစ်အသင်းထံက ကွင်းလယ်ခံစစ်ကစားသမား လော် ရန်တေးကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီလို့ BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

အသက် ၂၄ နှစ်အရွယ် လော်ရန်တေးကတော့ ရီးရဲအသင်းထံကို ၂၀၀၈ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့သူ ဖြစ်ပြီး စီနီယာအသင်းနဲ့ပွဲဦးထွက်ကိုတော့ ၂၀၁၅ မှ ပါဝင်နိုင်ခဲ့သူပါ။

လက်ရှိမှာတော့ အက်သလက်တီကိုအသင်းက လော်ရန်တေးကို ဆေးစစ်မှုတွေ ပြုလုပ်သွားဦးမှာ ဖြစ်ပြီး ဆေးစစ်မှု အောင်မြင်ရင်တော့ တရားဝင် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

လော်ရန်တေးကို အခုလို ခေါ်ယူဖြစ်တာကတော့ အသင်းက ထွက်ခွာသွားတော့မယ်လို့ သတင်းတွေကြီးနေတဲ့ ရိုဒရီရဲ့ နေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူခြင်း ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြလာပါတယ်။

ရိုဒရီကိုတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးက ပေါင် ၆၂.၆သန်းနဲ့ ခေါ်ယူနိုင်ရေး စကားပြောနေတယ်လို့သိ ရပြီး ဘိုင်ယန်မြူးနစ်ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လက်ရှိ အက်သလက်က ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ လော်ရန်တေးကတော့ မနှစ်က ကစားပေးခဲ့တဲ့ ၁၆ ပွဲအပါအဝင် ရီးရဲစီနီယာအသင်းကြီးအတွက် စုစုပေါင်း ၃၉ ပွဲမှာ ၂ ဂိုးထိသွင်းယူပေးထားနိုင်ကာ ချန်ပီယံလိဂ် ဆုဖလားလည်း ကိုင်မြှောက်ထားနိုင်သူပါ။

Share

Loading Next Article...
က္က