အောက်တိုဘာလ ၆ ရက်နေ့မှာ လုပ်မှာပါ။

အဆိုတော် X-Box က အောက်တိုဘာလ ၆ ရက်နေ့ဆိုရင် သီချင်းဟောင်းတွေ၊ သီချင်း အသစ်တွေပေါင်းပြီး ဖျော်ဖြေပွဲ တစ်ခုလုပ်မယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုလည်း ပြောပြထားပါတယ်။

 

Hip Hop ဂီတအမျိုးအစားကိုမှ ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် အဆိုတော် X Box ရဲ့ သီချင်းဟောင်းတွေနဲ့ သီချင်းအသစ်တွေ ပေါင်းပြီး အောက်တိုဘာလ ၆ ရက်နေ့မှာ ဖျော်ဖြေပွဲလုပ်မယ်လို့ သိရပါတယ်။ X Box ကိုယ်တိုင်ကလည်း သူ့ရဲ့ ပရိသတ်တွေနဲ့ အတူတူ ပျော်ချင်တယ်လို့ ဆိုပါတယ်။

'' နောက်လ ၆ ရက်နေ့  ည ၁နာရီ ကနေ ၂ နာရီ  Kelvin Pool Bar ( ဖိုးစိန်လမ်း ) ကျွန်တော် X-Boxing သီချင်းအဟောင်းတွေ ရော အသစ် တွေ ရော စုပေါင်းပြီး ရှယ်ဖြုတ်မှာဖြစ်ပါတယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီကျော်က X Box ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: X Box Facebook

 

X Box ရဲ့ ဖျော်ဖြေပွဲမှာ နာမည်ကျော် Rap အဆိုတော်တွေလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုလည်း ပျော်ပါးလို့ မဝသေး ဘူးဆိုတဲ့ ပရိသတ်တွေက တောင်းဆိုလာတာကြောင့် စီစဉ်ရခြင်းဖြစ်တယ်လို့လည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' X Box ရဲ့ Hip Hop သီချင်းတွေနဲ့ ပြန်သောင်းကျန်းချင်တဲ့ ဘော်ဒါတွေအတွက် မလွတ်သင့်သော ပွဲကောင်းတစ်ပွဲ၊ ပထမပွဲတုန်းက J-Me , အနဂ္ဂ နဲ့ DJ များစွာရဲ့ Hip Hop Music တွေနဲ့ ပျော်ပျော်ကြီး ကခုန်ရတာ မဝသေးဘူးလို့ တောင်းဆိုလာသူတွေအတွက် ဒီတစ်ခေါက်လဲ အမုန်းစွဲပေးမယ့် Hip Hop DJ (5) ယောက်ကတော့  DJ Anegga ၊ DJ Jigga ၊ DJ Thar Gyi ၊ DJ BassClipper ၊ DJ Andrew Raymondo '' တို့က ပါဝင်ဖျော်ဖြေသွားမယ်လို့သိရပါတယ်။

မွေးနေ့မှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပမယ်ဆိုတဲ့ X-Box 

Photo: X Box Facebook

 

ဒီဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်းတွေကိုတော့ တစ်သိန်းသုံးသောင်း၊ တစ်သိန်းခုနှစ်သောင်း(VIP) နဲ့ နှစ်သိန်းငါးသောင်း(VVIP) အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲ လက်မှတ် မှာယူချင်တဲ့ ပရိသတ်တွေအတွက် ဖုန်းနံပတ် 09 515 8797 ၊ 09 76 5158797 တို့ကို ဆက်သွယ်စုံစမ်းဖို့လည်းပြောပြထားပါသေးတယ်။

Photo: X Box Facebook

 

 X Box နောက်ဆုံးထွက်ရှိထားတဲ့ 9 Album အခွေကို ၂၀၁၇ ခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တာပါ။ အဲ့ဒီနောက် ဖျော်ဖြေရေးတွေမှာလည်း သီဆိုနေရပါတယ်။ သူဟာ မေလ ၈ ရက်နေ့ကစပြီး မိခင်ဖြစ်သူ၊ အစ်ကို ဖြစ်သူတို့နဲ့ အတူ သာမညတောင်ပေါ်မှာ ၅ ရက်တာ ဘုန်းကြီးဝတ် နေ တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က