အသင်းဥက္ကဌနဲ့ထွက်ခွာခွင့်ရဖို့ စကားပြောနေပါတယ်။

အသက် ၃၁ နှစ်အရွယ် မာဆယ်လိုအနေနဲ့ နည်းပြဇီဒန်းက ပေါင် ၄၇ သန်းတန် လိုင်ယွန် ဘယ်နောက်ခံလူ ဖာလန်မန်ဒီကို ခေါ်ယူမှုအပြီးမှာ အသင်းကထွက်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရီးရဲကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်လာတဲ့ ဘရာဇီး ဘယ်နောက်ခံလူ မာဆယ်လိုကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့အသင်းထဲမှာ အာဆင်နယ် ပါဝင်လာခဲ့တယ်လို့ Metro သတင်းဌာနက ဖော်ပြပါတယ်။



အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာဆယ်လိုဟာ ရီးရဲမှာ ၁၃ နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် လာမယ့် ၂၀၁၉-၂၀ ဘောလုံးရာသီမစခင် အသင်းက ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တာပါ။ မာဆယ်လိုရဲ့ ကြေညာချက်ဟာ ရီးရဲနည်းပြ ဇီဒန်းအနေနဲ့ လိုင်ယွန်အသင်း လူငယ်ကစားသမား ဘယ်နောက်ခံလူ ဖာလန်မန်ဒီကို ပေါင် ၄၇ သန်းနဲ့ ခေါ်ယူမှုအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။

Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ မာဆယ်လိုအနေနဲ့ ရီးရဲကထွက်ခွာခွင့်ရဖို့အတွက် အသင်းဥက္ကဌ ပီရက်ဇ်နဲ့ စကားပြောနေတယ်လို့လည်း သိရပါတယ်။ မယ်ဆယ်လိုကို ဥရောပအင်အားကြီး ပီအက်စ်ဂျီ၊ ဂျူဗင်တပ်နဲ့ အေစီမီလန်အသင်းတို့က ခေါ်ယူချင်နေခဲ့ပြီး ယခုနောက်ဆုံး အင်္ဂလန်ကလပ် အာဆင်နယ်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံ နေရာမှာတော့ စပိန်ကစားသမား မွန်နရယ်နဲ့ ကိုလာစီနက်တို့ ရှိနေပါတယ်။ ဒါပေမဲ့ အသက်အရွယ်အရ ကစားနိုင်စွမ်း အကျဘက်ကို ရောက်နေပြီ ဖြစ်တဲ့ မွန်နရယ်နေရာမှာ ဝါရင့် ထိပ်တန်းကစားသမားတစ်ဦးကို ခေါ်ယူချင်တာကြောင့် မာဆယ်လိုကို စိတ်ဝင်စားလာခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ် အပြောင်းအရွှေ့ရာသီအတွက် အသုံးစရိတ် လုံလုံလောက်လောက် မရရှိထားရာ လက်ရှိမှာလည်း ခေါ်ယူလိုတဲ့ ပဲလေ့စ်တိုက်စစ်မှူးကို ငွေကြေး မလုံလောာက်မှု တစ်ခုတည်းကြောင့် မခေါ်နိုင်သေးကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က