ရီးရဲလ်အနေနဲ့ ပေါ့ဘာ၊ နေမာ၊ ဟာလန်းတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။

ရီးရဲလ်အနေနဲ့ ထိပ်တန်းကစားသမားအချို့ကို လာမယ့်အပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူဖို့ရှိနေတယ်လို့ အသင်းဥက္ကဋ္ဌပီရက်စ်က ထုတ်ဖော်ပြောဆိုထားခဲ့တာလည်းဖြစ်ပါတယ်။

ထိပ်တန်းကစားသမားအများစုရဲ့အပြောင်းအရွှေ့တွေကိုတာဝန်ယူထားတဲ့စူပါအေးဂျင့်ရွိုင်အိုလာအနေနဲ့လာမ ယ့် ကစားသမားစျေးကွက်အတွင်း ထိပ်တန်းကစားသမားအချို့ကို ရီးရဲလ်အသင်းဆီသို့ ခေါ်ဆောင်ပေးသွားဖို့ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို marca.com က ဖော်ပြလာခဲ့ပါတယ်။

ရီးရဲလ်အသင်းအနေနဲ့ အခုနှစ်အပြောင်းအရွှေ့ကာလအတွင်း အီဒင်ဟာဇက်၊ ဂျိုဗစ်၊ မန်ဒီ၊ ရိုဒရီဂို၊ မီလီတာ အို၊ ရီနီရာတို့အပါအဝင် ကစားသမားအများစုခေါ်ယူအားဖြည့်ထားခဲ့ပြီးဖြစ်ပေမယ့် အသင်းရဲ့ပုံစံကောင်းပြန်ရဖို့အ တွက် ရုန်းကန်နေရဆဲဖြစ်တဲ့အတွက် အခုလိုကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါ တယ်။



“ လာမယ့်အပြောင်းအရွှေ့ကာလကတော့ ပြောင်းလဲမှုတွေအများကြီးဖြစ်လာဦးမှာပါ။ သေချာတာတစ်ခုကေ တာ့ ထိပ်တန်းကစားသမားအပြောင်းအရွှေ့တွေဖြစ်လာနိုင်ပါတယ်။ ရီးရဲလ်အသင်းဆီကိုလည်း ကစားသမား ကောင်းတွေရောက်ဖို့ရှိနေတယ်။ အားထုတ်နေဆဲဖြစ်ပေမယ့် ဖြစ်နိုင်ခြေအများဆုံးရှိနေပါတယ် ” လို့ အေးဂျင့် ရွိုင်အိုလာက ဆိုခဲ့တာပါ။

ရီးရဲလ်အသင်းအနေနဲ့ လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားပေါ့ဘာ ကို ပေါင်သန်း ၁ဝဝနဲ့ကမ်းလှမ်းဖို့ရှိနေပြီး ဒေါ့မွန်တိုက်စစ်မှူးဟာလန်း၊ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာတို့ကိုလည်း စိတ်ဝင်စားမှုရှိနေတယ်လို့ as.com က အခိုင်အမာဖော်ပြထားတာလည်းဖြစ်ပါတယ်။

Transfermarkt ရဲ့မှတ်တမ်းတွေအရ ရီးရဲလ်အသင်းအနေနဲ့ အခုနှစ်အပြောင်းအရွှေ့စျေးကွက်နှစ်ခုအတွင်းယူ ရို ၃၃ရသန်းအထိအသုံးပြုထားပြီး နာဗက်ဇ်၊ ကိုဘာဆစ်၊ လော်ရန်တေး၊ ရာအူးတိုမက်စ်၊ သီယိုဟာနန်ဒက််စ်တို့ ကို ပြန်လည်ရောင်းချခဲ့ရာမှ ယူရိုသန်း ၁၃ဝကျော်ပြန်လည်ရရှိထားခဲ့တဲ့အတွက် ဘဏ္ဍာရေးမျှခြေအရလိုအပ်ချ က်အနည်းငယ်ရှိနေနိုင်တယ်လို့လို့လည်း သုံးသပ်မှုအချို့ရှိနေပါသေးတယ်။

Share

Loading Next Article...
က္က