ဟာလန်းနဲ့ဒေါ့မွန်အသင်းအကြား ၄နှစ်ခွဲသက်တမ်းရှိစာချုပ်တစ်ရပ်ရှိနေခဲ့တာပါ။

နော်ဝေးလက်ရွေးစင်လူငယ်တိုက်စစ်မှူး ဥရောပအသင်းကြီးအများစုက ခေါ်ယူလိုနေခဲ့တာလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဆန်ချို၊ ဟာလန်းတို့ကို ဆက်ထိန်းထားလိုနေပေမယ့် ရီး ရဲလ်အသင်းရဲ့ ကြိုးပမ်းမှုကြောင့် ဟာလန်းကို ဆက်ထိန်းထားနိုင်ဖို့အတွက် အခက်အခဲအချို့ရှိနေခဲ့ပြီဖြစ်တယ် လို့ AS.COM ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အသက် ၁၉နှစ်အရွယ်ရှိ တို်က်စစ်မှူးကို ပြီးခဲ့တဲ့ရာသီဝက်အပြောင်းအရွှေ့တုန်းက ပေါင်သန်း၂ဝဝန်းကျင်နဲ့ခေါ် ယူခဲ့တဲ့ ဒေါ့မွန်အသင်းဟာ လက်ရှိအချိန်မှာတော့ ကစားသမားဖြစ်သူကို လက်လွှတ်ခဲ့ပါက ပေါင်သန်း ၅ဝဝန်း ကျင်အမြတ်ရရှိမယ့် အခြေအနေကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။



ရီးရဲလ်အသင်းအနေနဲ့ ဟာလန်းကိုခေါ်ယူနိုင်ဖို့အတွက် ဒေါ့မွန်အသင်းဆီ တရားဝင်ချဉ်းကပ်မှုများပြုလုပ်ခဲ့သ လို ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့သာ သီးသန့်ဆွေးနွေးမှုအချို့ပြုလုပ်ခဲ့တယ်လို့ သတင်းဖော်ပြမှုတွေကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ခြေရှိနေတယ်လို့လည်း သုံးသပ်မှုများရှိနေခဲ့တာပါ။

ဒေါ့မွန်အသင်းကတော့ တိုက်စစ်မှူးဆန်ချိုအတွက်သာ တန်ကြေးတစ်ရပ်သတ်မှတ်ပေးခဲ့ပေမယ့် ဟာလန်းကို အနာဂတ်ကစားသမားအဖြစ်သတ်မှတ်ထားခြင်းကြောင့် ထွက်ခွာခွင့်မပေးဖို့ အားထုတ်နေတာဖြစ်ပြီး ဥရောပ အသင်းကြီးအချို့ကတော့ အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေပြုလုပ်နေခဲ့တာပါ။

ဟာလန်းအနေနဲ့ ဆဲလ်ဘတ်အသင်းမှာရှိစဉ်ကတည်းက ရီးရဲလ်၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရပေမယ့် ဒေါ့မွန်အသင်းက မထင်မှတ်ဘဲလက်ဦးမှုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အ ခြားသတင်းဖော်ပြချက်တစ်ရပ်မှာတော့ အပြောင်းအရွှေ့အတွက် ဟာလန်းကို ဆုံးဖြတ်ခွင့်အပြည့်ပေးထား တယ်လို့လည်း ဂျာမနီမီဒီယာတွေက ဖော်ပြနေပြန်ပါတယ်။

Share

Loading Next Article...
က္က