လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ဖို့ စဉ်းစားနေတာပါ။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ Telegraph က ဖော်ပြသွားခဲ့ပါတယ်။

လာမယ့်နွေရာသီမှာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ဟာဇက်က ပြောကြားခဲ့ပြီးနောက်မှာ ဟာဇက်အနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့အတွက် ချယ်လ်ဆီးကို တောင်းဆိုသွားဖွယ်ရှိတယ်လို့ အဆိုပါသတင်းဌာနက ရေးသားခဲ့ပါတယ်။



ချယ်လ်ဆီးနဲ့ ဟာဇက်တို့ကြားမှာ စာချုပ်သက်တမ်း (၁၂)လသာ ကျန်ရှိတော့တာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ပြင်သစ်ရေဒီယိုလိုင်း တစ်ခုဖြစ်တဲ့ RMC နဲ့ တွေ့ဆုံမှုမှာ ဟာဇက်က "ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်၊ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်တော် ချမှတ်သွားမှာ"လို့ ဟာဇက်က ပြောကြားခဲ့ဖူးပါတယ်။

အသက် (၂၈)နှစ်အရွယ် ကစားသမားအတွက် ရီးရဲလ်မက်ဒရစ်အသင်းဘက်က ပေါင်သန်း (၁၀၀)အထိ ပေးချေသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဟာဇက်အနေနဲ့ နွေရာသီမှာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ရှိနေတယ်လို့လည်း Telegraph က ခန့်မှန်းသွားခဲ့ပြီး အသင်းကို တောင်းဆိုမှုတွေ ပြုလုပ်သွားမယ်လို့လည်း အခိုင်အမာဆိုခဲ့ပါတယ်။

ချယ်လ်ဆီးကတော့ ဟာဇက်ကို အသင်းမှာ ဆက်ရှိနေဖို့ လုပ်ခလစာ တိုးမြှင့်ပေးချေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ အားထုတ်နေပေမယ့် အကောင်အထည်ပေါ်လာခြင်းတော့ မရှိသေးပါဘူး။ ရီးရဲလ်အသင်းဘက်ကတော့ ဟာဇက်ရဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး ဘာနေဗျူးကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဟာဇက်ကိုယ်တိုင်ကတော့ လက်ရှိအချိန်ထိ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တာမျိုး မရှိပဲ မတင်မကျသာ ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြ ဆာရီက ကစားသမားအနေနဲ့ သူ့ဆန္ဒအတိုင်း ပြုမူနိုင်တယ်လို့ ပြောဆိုခဲ့ပြီး ဟာဇက်ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့တော့ ဝန်ခံခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က